Monday, January 2, 2017

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ ကျိ န္တလီမြို့ ဒေသခံပြည်သူများနှင့်တွေ့ဆုံ သိမ်းဆည်းခံ လယ်ယာမြေကိစ္စရပ်များ ဆွေးနွေး

Image may contain: 6 people, people standing, tree, child, outdoor and nature
ကျိန္တလီ ဇန်နဝါရီ ၁
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့်ဝန်ကြီးများသည် ဒီဇင်ဘာ၂၈ ရက် နံနက် ၁ဝ နာရီခွဲက သံတွဲမြို့နယ် မဲနယ်ကွင်းကျေးရွာတွင် ပြည်ထောင်စုအစိုးရ ခွင့်ပြုရန်ပုံငွေကျပ် ၃၆ သန်းဖြင့် ဇီးကျွန်းသားကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်လုပ်နေသည့် အထက(ခွဲ) ကျောင်းဆောင်သစ်အား ကြည့်ရှုစစ်ဆေးပြီး ကျောင်းဆောင်ဆောက်လုပ်ခဲ့ခြင်းအဆင့်ဆင့်ကို ပြန်လည်တင်ပြရန်နှင့် သတ်မှတ်စံချိန်စံညွန်းကိုက်ညီရေး၊ အချိန်မီပြီးစီးဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။
ယင်းနောက် ကျိန္တလီမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လယ်ယာမြေသိမ်းဆည်းခံတောင်သူများနှင့် တွေ့ဆုံပြီး သိမ်းဆည်းခံလယ်ယာမြေကိစ္စရပ်များနှင့်ပတ်သက်၍ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်တီ၏မူဝါဒ၊ လုပ်ငန်းစဉ်များ၊ ညွှန်ကြားချက်များနှင့်အညီ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိစစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
လယ်ယာမြေသိမ်းဆည်းခံ တောင်သူများက မိမိတို့၏ လယ်ယာမြေ ဆုံးရှုံးခဲ့ရသည့်ကိစ္စရပ်များအား တင်ပြကြရာ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့်တာဝန်ရှိသူများက ဒေသခံတောင်သူများ၏ တင်ပြချက်များအား ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်ဝန်ကြီးချုပ်က ဒေသခံပြည်သူလူထုများနှင့်တွေ့ဆုံရ၍ မိမိအနေဖြင့် ဝမ်းသာမိပါကြောင်း၊ ပြည်သူလူထု၏လိုအပ်ချက်နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးစားပေးဆောက်ရွက်နေပါကြောင်း၊ ဒေသခံပြည်သူလူထု၏တင်ပြချက်၊ လိုအပ်ချက်များကို အလျင်စလို မဆောင်ရွက်ပေးနိုင်သော်လည်း အနှေးအမြန် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ပြီးနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဝန်ကြီးများသည် ဂွမြို့၌ ပြည်နယ်အစိုးရ၏ခွင့်ပြုရန်ပုံငွေကျပ် သန်း ၃ဝ ဖြင့် ရခိုင်ရတနာမြေကုမ္ပဏီမှ တာဝန်ယူ ဖောက်လုပ်နေသည့် သိုင်းကျွန်းရွာအဝင်တွင် မြေသားလမ်း (၁/၄) မိုင်လမ်းပိုင်း၊ အောင်မင်္ဂလာမြို့နယ်ခန်းမ အကြီးစားပြင်ဆင်ဆောင်ရွက်နေမှု၊ ဂွမြို့ ဆိပ်ခံတံတား တည်ဆောက်မည့်နေရာတို့အား လှည့်လည်ကြည်ရှုခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment