Wednesday, January 4, 2017

ကွန်ဂရက်လွှတ်တော် ကျင့်ဝတ်ထိန်းသိမ်းရေးရုံးကို ကျင့်ဝတ်ကော်မတီအောက်၌ ထားရှိရန် မဲပေးဆုံးဖြတ်



Image may contain: sky and outdoor
ဝါရှင်တန် ဇန်နဝါရီ ၃
အမေရိကန်ကွန်ဂရက်လွှတ်တော်ဆိုင်ရာ ကျင့်ဝတ်ထိန်းသိမ်းရေးရုံးကို ကျင့်ဝတ် ကော်မတီ၏ထိန်းချုပ်မှုအောက်၌ထားရှိရန်ဟူသော ဥပဒေပြင်ဆင်ချက် တစ်ရပ်ကို အောက်လွှတ်တော်၏ ရီပတ်ဘလီကန်အမတ်များက မဲပေးဆုံးဖြတ်ခဲ့ကြောင်း ယနေ့ ရိုက်တာသတင်းတွင် ဖော်ပြသည်။
ကွန်ဂရက်လွှတ်တော် ကျမ်းသစ္စာကျိန်ဆိုခြင်းမပြုမီ နာရီပိုင်းအလိုတွင် အောက်လွှတ်တော်၏ ရီပတ်ဘလီကန်အမတ်များက လွတ်လပ်စွာရပ်တည်သော ကွန်ဂရက်လွှတ်တော်ဆိုင်ရာ ကျင့်ဝတ်ထိန်းသိမ်းရေးရုံး၏ အခန်းကဏ္ဍကို လျှော့ချနိုင်ရန် လုပ်ဆောင်ချက်တစ်ရပ်ဖြစ်သည်ဟု ဒီမိုကရက်တစ်အမတ်များက ဝေဖန်ပြောကြားသည်။
ရီပတ်ဘလီကန် ထိန်းချုပ်သော ကွန်ဂရက်လွှတ်တော်သစ်က ပထမဆုံး စတေးခဲ့သည်မှာ ကျင့်ဝတ်များပင်ဖြစ်ကြောင်း လူနည်းစုအမတ်များ၏ ခေါင်းဆောင် နန်စီပယ်လိုစီ၏ ကြေညာချက်တွင် ဖော်ပြသည်။
ကျင့်ဝတ်ထိန်းသိမ်းရေးရုံးကို ကွန်ဂရက်လွှတ်တော် တိုင်ကြားစာသုံးသပ် လေ့လာရေးရုံးဟူ၍ အမည်ပြောင်းလဲခေါ်တွင်ရန် ဥပဒေပြင်ဆင်ချက်တွင် ဖော်ပြသည်။
ရိုက်တာ။

No comments:

Post a Comment