Wednesday, January 4, 2017

ဘရာဇီး၌ အကျဉ်းထောင် ဆူပူမှုဖြစ်ပွား ပြိုင်ဘက်ဂိုဏ်းသားများ တိုက်ခိုက်မှုကြောင့် လူ ၅၆ ဦးသေဆုံး



Image may contain: 3 people, crowd and outdoor
ဘရာစီလီယာ ဇန်နဝါရီ ၃
ဘရာဇီးနိုင်ငံ၌ အကျဉ်းထောင် ဆူပူမှု ဖြစ်ပွားရာ လူ ၅၆ ဦးသေဆုံးကြောင်း၊ နိုင်ငံ၏ အကျဉ်းထောင်သမိုင်းတွင် ဆယ်စု နှစ်နှစ်စုကျော်ကာလအတွင်း သွေးထွက်သံယိုမှုအများဆုံး အကြမ်းဖက်မှုဖြစ်စဉ်ဖြစ်ကြောင်း တာဝန်ရှိသူ များက ဇန်နဝါရီ ၃ ရက်တွင် ပြောကြားသည်။
ဘရာဇီးနိုင်ငံ အမေဇုန်နက်ပြည်နယ် မာနာယက်မြို့ရှိ အကျဉ်းထောင်၌ ပြိုင်ဘက်မူးယစ်ဂိုဏ်းများ၏ ဂိုဏ်းသားများအချင်းချင်း အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။ အမေဇုန်ဒေသရှိ အကျဉ်းထောင်၌ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာတွင် လူအများအပြားမှာ ခေါင်းဖြတ် အသတ်ခံခဲ့ရပြီး ဦးခေါင်းပြတ်နေသော ရုပ်အလောင်းများကို အကျဉ်းထောင်၏တံတိုင်းကို ကျော်လွန်အောင် စွန့်ပစ်ခဲ့ကြကြောင်း အမေဇုန်နက် ပြည်နယ်၏ လုံခြုံရေးအကြီးအကဲ သာဂီယိုဖွန်တပ်စ်က ပြောကြားသည်။
အကျဉ်းထောင်ဆူပူမှုနှင့် ပတ်သက်၍ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးနိုင်ရန် ဘရာဇီးတရားရေးဝန်ကြီး အလက်ဇန်းဒါးဒီမိုရက်သည် မာနာယက်မြို့သို့ သွားရောက်ခဲ့သည်။
ဒုစရိုက်ဂိုဏ်းများအကြား ရန်သတ္တရုဖြစ်ပွားရာမှ လက်စားချေ သတ်ဖြတ်မှုပြုလုပ်သည့် အစုအပြုံ လိုက်သတ်ဖြတ်ပွဲဖြစ်ကြောင်း အမေဇုန်နက်ပြည်နယ် အကျဉ်းထောင် ရေးရာဝန်ကြီး ပီဒရိုဖလော်ရင့်စီအိုက ပြောကြားသည်။
ဇန်နဝါရီ ၁ ရက်နှောင်းပိုင်းတွင် ထောင်ဆူပူမှု စတင်ဖြစ်ပွားခဲ့ပြီး ဇန်နဝါရီ ၂ ရက် နံနက် ၇ နာရီတွင် အခြေအနေကို ထိန်းချုပ်နိုင်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။
အကျဉ်းထောင် ဆူပူမှုဖြစ်ပွားချိန်တွင် အကျဉ်းသား ၈၇ ဦး ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ၎င်းအနက် အယောက် ၄ဝ ကို ပြန်လည်ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ဓားစာခံအဖြစ် အဖမ်းခံခဲ့ရသူ ထောင်ဝန်ထမ်း ၁၂ ဦးမှာ လည်း ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း ၎င်းက ပြောကြားသည်။
ရိုက်တာ။

No comments:

Post a Comment