Saturday, January 28, 2017

လားရှိုးလေဆိပ်အဆောက်အအုံသစ် ဖွင့်လှစ်



Image may contain: airplane, sky and outdoor
ရန်ကုန် ဇန်နဝါရီ ၂၇
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန လားရှိုးလေဆိပ်အဆောက်အအုံသစ်ဖွင့်ပွဲနှင့် စတင်အသုံးပြုခြင်းကို ဇန်နဝါရီ ၂၆ ရက် နံနက် ၉ နာရီက ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးလေဆိပ်၌ လေဆိပ်အဆောက်အအုံသစ်ကိုဖွင့်လှစ်ပြီး ခရီးသည်များ စတင်အသုံးပြုကြောင်း သိရသည်။
အဆိုပါ လားရှိုးလေဆိပ်အဆောက်အအုံသစ်သည် အလျား ပေ ၂ဝဝ၊ အနံ ပေ ၈ဝ (ပင်မအဆောက်အအုံ)၊ အလျား ပေ ၁၂ဝ၊ အနံ ၂၅ ပေ၊ (Landside Portico)၊ အလျား ပေ ၁၈ဝ၊ အနံ ၂၅ ပေ (Airside Verandah)၊ အလျား ပေ ၁၂ဝ၊ အနံ ၁၂ ပေ (Landside Verandah) ပါပြီး သံကူကွန်ကရစ် တစ်ထပ်အမျိုးအစားဖြစ်ကာ ကြမ်းခင်းဧရိယာ စုစုပေါင်း စတုရန်းပေ ၂၅၇၄ဝ ရှိသည်။ (Reinforced Concrete Roof Slab) နှင့် (Steel Structure Amcan Roof) ကို အမိုးအဖြစ်အသုံးပြုလျက် ကြွေပြားခင်းကြမ်းခင်း၊ အုတ်နံရံ Glass Partition Composite Parapet Wall Aircon (5) ton 6 nos CCTV 12 nos, PA System, Speaker Box (7) nos, X-ray 2 nos နှင့် Toilet 24 nos တို့ကို ထည့်သွင်းတည်ဆောက်ထားသည်။
လေဆိပ်အဆောက်အအုံသစ်တည်ဆောက်ခြင်းနှင့် လေဆိပ်ဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ခဲ့ရာ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် သန်း ၆ဝဝ နှင့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် သန်း ၁၅ဝဝ စုစုပေါင်း ငွေကျပ် သန်း ၂၁ဝဝ ကုန်ကျခဲ့သည်။
ယခုအခါတွင် လေကြောင်းလိုင်း ခြောက်လိုင်းဖြင့် ခရီးသည်များဝင်ထွက် သွားလာရန်အတွက် လုံလောက်မှုမရှိတော့သဖြင့် လေယာဉ်များဆိုက်ရောက်သည့်အချိန် ၁ နာရီအတွင်း အဝင်ခရီးသည် ၂ဝဝ နှင့် အထွက် ခရီးသည် ၂ဝဝ တစ်ပြိုင်တည်း အသုံးပြုနိုင်သည့် လေဆိပ်အဆောက်အအုံသစ် ပေ (၂ဝဝx၈ဝ) တစ်ထပ်သံကူကွန်ကရစ် တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းကို ၂ဝ၁၅ ခုနှစ် စက်တင်ဘာလမှစတင်၍ ဆောင်ရွက်ခဲ့ရာ ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလတွင် လေဆိပ်အဆောက်အအုံသစ်နှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
(ဝဝ၁)

No comments:

Post a Comment