Saturday, January 28, 2017

လူသိရှင်ကြားတွဲလာတဲ့ ခရစ်စတင်းစတူးဝပ်နဲ့ စတယ်လာမက်ဇ်ဝဲလ်

Image may contain: 2 people, people sitting and drink
''Twilight'' ဇာတ်လမ်းတွဲရုပ်ရှင်တွေနဲ့ အောင်မြင်မှုတွေရလာတဲ့ ဟောလိဝုဒ်ကြယ်ပွင့် မင်းသမီးချော ခရစ်စတင်းစတူးဝပ်ဟာ လတ်တလောမှာတော့ ဗစ်တိုးရီးယား စီကရက်ထ်မော်ဒယ်လ်တစ်ဦး ဖြစ်သူ စတယ်လာမက်ဇ်ဝဲလ်နဲ့ ပေါ်ပေါ်ထင်ထင်တွဲလာခဲ့ကာ သူတို့ နှစ်ဦး အနမ်းတွေပေးနေကြတာကို တွေ့မြင်ခဲ့ရကြောင်း အေ့စ်ရှိုး ဘစ်ဇ်ဒေါ့ကွန်းရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။
ခရစ်စတင်းစတူးဝပ်ဟာ သူ့ကိုယ်သူ လိင်တူစိတ်ဝင်စားသူ တစ်ဦးအဖြစ် ထုတ်ဖော်ပြောကြားပြီးတဲ့နောက် လိင်တူချစ်သူတွေ ထားရှိခဲ့တာဖြစ်ပြီး လတ်တလောမှာတော့ စတယ်လာမက်ဇ်ဝဲလ်နဲ့ တွဲနေခဲ့ကြတာလည်း ဖြစ်ပါတယ်။
သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း မီလန်သို့ အလည်အပတ်ထွက်ခဲ့ကြရာ လေဆိပ်သို့သွားရာ လမ်းမှာ သူတို့စီးလာတဲ့ကားအတွင်း အနမ်းတွေခြွေနေခဲ့ကြတာကို မီဒီယာတွေက တွေ့မြင်ခဲ့ကြတာဖြစ်ပါတယ်။
ယခင်က ပေါ့ပ်အဆိုတော် မိုင်လီဆိုင်းရပ်စ်ရဲ့ လိင်တူချစ်သူ အဖြစ် လက်တွဲခဲ့ဖူးတဲ့ စတယ်လာမက်ဇ်ဝဲလ်ဟာ ခရစ်စတင်းစတူးဝပ် နဲ့ ပြီးခဲ့တဲ့ ၂ဝ၁၆ ခုနှစ် မေလအတွင်း စတင်တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။
ခရစ်စတင်းစတူးဝပ်ဟာ စတယ်လာမက်ဇ်ဝဲလ်အပြင် အခြားသော အမျိုးသမီးများစွာနဲ့လည်း ချစ်သူတွေအဖြစ် လက်တွဲခဲ့ဖူးသူပါ။ သူနဲ့ တွဲခဲ့တဲ့ လိင်တူချစ်သူတွေထဲမှာ သူ့ရဲ့လက်ထောက်တစ်ဦးဖြစ်တဲ့ အယ်လစ်စီရာကာဂီး၊ ရော့ခ်တေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ''PVRIS '' ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ လင်န်ဂန်းနဲ့ ပြင်သစ်အဆိုတော်တစ်ဦးဖြစ်သူ ဆိုကိုတို့လည်း ပါဝင်ပါတယ်။
ခရစ်စတင်းစတူးဝပ်ဟာ 'Twilight'' ရုပ်ရှင်မှာ အတူတွဲဖက် သရုပ်ဆောင်ခဲ့တဲ့ ခေါင်းဆောင်မင်းသား ရောဘတ်ပတ်တီဆန်နဲ့ အချိန်အတော်ကြာချစ်သူတွေအဖြစ် လက်တွဲခဲ့ကြပါတယ်။
ရောဘတ် ပတ်တီဆန်နဲ့ လမ်းခွဲပြီးနောက်ပိုင်းမှာ ချစ်သူတွေများစွာထားခဲ့ ပေမယ့် ဘယ်သူနဲ့မှ ကြာရှည်လက်တွဲခဲ့ခြင်းမရှိတော့ဘဲ တစ်ယောက်ပြီး တစ်ယောက် ပြောင်းလဲတွဲနေခဲ့တာဖြစ်ပါတယ်။
အေးပြည့် - စုစည်းရေးသားသည်

No comments:

Post a Comment