Thursday, December 29, 2016

MNL Charity Cup ပြိုင်ပွဲအဖြစ် ရတနာပုံနှင့်မကွေး ယှဉ်ပြိုင်မည်

Image may contain: 2 people, people playing sports and outdoor
ရန်ကုန် ဒီဇင်ဘာ ၂၈
မြန်မာနေရှင်နယ်လိဂ် အမှတ်ပေး ပြိုင်ပွဲ မစတင်မီ ကျင်းပလေ့ရှိသည့် ၂ဝ၁၇ ရာသီ MNL Charity Cup ပြိုင်ပွဲအဖြစ် ရတနာပုံနှင့် မကွေး အသင်းတို့ ဇန်နဝါရီ ၈ ရက်တွင် အောင်ဆန်းကွင်း၌ ယှဉ်ပြိုင်ကစား မည်ဖြစ်သည်။
ယင်းပြိုင်ပွဲတွင် ၂ဝ၁၆ MNL အမှတ်ပေးချန်ပီယံ ရတနာပုံအသင်း နှင့် ၂ဝ၁၆ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံး ထွက်ချန်ပီယံ မကွေးအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
MNL အမှတ်ပေးပြိုင်ပွဲမှာ ဇန်နဝါရီ ၁၄ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲမစမီ တစ်ပတ်အလို၌ ကျင်းပ ခြင်းဖြစ်သည်။
ရတနာပုံအသင်းသည် ယင်းပြိုင်ပွဲတွင် ဒုတိယအကြိမ် ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်ပြီး မကွေး အသင်းမှာမူ ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခွင့်ရရှိခြင်းဖြစ်သည်။ MNL Charity Cup ပြိုင်ပွဲကို ၂ဝ၁၂ ရာသီတွင် စတင်ကျင်းပခဲ့ပြီး ရန်ကုန်နှင့် ဧရာဝတီအသင်းတို့က နှစ်ကြိမ်စီ၊ ရှမ်းယူနိုက်တက် (ယခင်ကမ္ဘောဇ အသင်း)က တစ်ကြိမ်ရရှိထားသည်။ ရတနာပုံအသင်းသည် ၂ဝ၁၅ရာသီ MNL CharityCup ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခဲ့ဖူးပြီး ဧရာဝတီအသင်းကို ရှုံးနိမ့်ခဲ့သည်။
MNL CharityCup ပြိုင်ပွဲတွင် ရန်ကုန်နှင့် ဧရာဝတီ အသင်းတို့က အကြိမ်အရေအတွက် များစွာ ယှဉ်ပြိုင်ခဲ့ဖူးပြီး ယခုအကြိမ် တွင် နှစ်သင်းစလုံး ယှဉ်ပြိုင်ခွင့် မရခဲ့ပေ။
ရတနာပုံနှင့် မကွေးအသင်းသည် လာမည့်ရာသီတွင် အာရှအဆင့် ကလပ်ပြိုင်ပွဲများ ယှဉ်ပြိုင်ခွင့်ရရှိထားပြီး ရာသီကြိုပြင်ဆင်မှုများစွာ ပြုလုပ်လျက်ရှိသည်။
ရတနာပုံ အသင်းသည် တိုယိုတာ မဲခေါင် ဖလားပြိုင်ပွဲတွင် အုပ်စုအသင်းမှ ထွက်ခဲ့ရသောကြောင့် MNL Charity Cup ပြိုင်ပွဲကို မူလ သတ်မှတ်ထားသည့် ရက်အတိုင်း ကျင်းပခြင်းဖြစ်သည်။
ရှိုင်းထက်ဇော်

No comments:

Post a Comment