Saturday, December 3, 2016

မုံးကိုးနှင့် ကြူကုတ်(ပန်ဆိုင်း)မြို့များတွင် တပ်မတော်စစ်ကြောင်းများနှင့် KIA/TNLA/MNDAA/AA လက်နက်ကိုင်ပူးပေါင်းအဖွဲ့များ တိုက်ပွဲဖြစ်ပွားလျက်ရှိ

No automatic alt text available.

နေပြည်တော် ဒီဇင်ဘာ ၂
ရှမ်းပြည်နယ် မြောက်ပိုင်း မုံးကိုးနှင့် ကြူကုတ်(ပန်ဆိုင်း)မြို့များတွင် ယမန်နေ့က တပ်မတော်စစ်ကြောင်းများနှင့် KIA/TNLA/MNDAA/AA လက်နက်ကိုင် ပူးပေါင်းအဖွဲ့များ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ ရန်သူထံမှ အလောင်း၊လက်နက်များအပြင် စိတ်ကြွရူးသွပ်ဆေးပြားများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ထားသည်။
မုံးကိုးမြို့ရှိ တပ်မတော်စခန်း၊ ပြည်သူ့စစ်စခန်းနှင့် ဟေမိုးလုံတောင်ဘက် ခြမ်းနေရာများအား KIA/TNLA/MNDAA/AA လက်နက်ကိုင်ပူးပေါင်း အဖွဲ့များက ယမန်နေ့ နံနက် ၉ နာရီခန့်မှစ၍ သာလွန်အင်အားဖြင့် အကြိမ်ကြိမ်တိုက်ခိုက်ခြင်း၊ နှောင့်ယှက်ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့သဖြင့် တပ်မတော်စစ်ကြောင်းများက လေကြောင်းနှင့် အမြောက်ပစ်ကူများဖြင့် တိုက်ပွဲဝင်ခဲ့ကြသည်။
ယမန်နေ့ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းကလည်း ကြူကုတ်(ပန်ဆိုင်း)မြို့ အတွင်း၌ KIA/MNDAA လက်နက်ကိုင် ၁၂ ဦးခန့်ကလည်းကောင်း၊ မုံးကိုးမြို့ လွယ်ဝိန်းကျေးရွာ၏ တောင်ဘက် မီတာ ၁ဝဝဝ ခန့်အကွာ၌ MNDAA လက်နက်ကိုင် ၂ဝခန့်ကလည်းကောင်း၊ ဟေမိုးလုံကျေးရွာ အနောက်တောင်ဘက် မီတာ ၁ဝဝဝ ခန့်အကွာ၌ KIA/MNDAA လက် နက်ကိုင် ၁ဝဝ ခန့်ကလည်းကောင်း၊ လွယ်ဝိန်းကျေးရွာ၏ အနောက် တောင်ဘက် မီတာ ၅ဝဝ ခန့်တွင် MNDAA လက်နက်ကိုင်အချို့ကလည်းကောင်း နယ်မြေလုံခြုံရေးနှင့် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသော တပ်မတော် စစ်ကြောင်းများအား မိုင်းခွဲတိုက်ခိုက်ရာ တပ်မတော်စစ် ကြောင်းများက ပြန်လည်တိုက်ခိုက်ခဲ့ကြသည်။
အဆိုပါ ဖြစ်စဉ်များတွင် လက်နက်ကိုင်အဖွဲ့များထံမှ အလောင်း လေးလောင်း၊ RPG ဒုံးပစ်လောင်ချာ အပါအဝင် သေနတ် လေးလက်၊ ကျည်မျိုးစုံ ၆၁၆ တောင့်၊ အေကေကျည်အတောင့် ၄ဝ၊ ဗုံးသီး လေးလုံး၊ ကျည်အိမ်မျိုးစုံ သုံးခု၊ လက်ပစ်ဗုံး သုံးလုံးနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၆ဝဝ (ကာလတန်ဖိုး ငွေကျပ် ၂၆ သိန်းခန့်)၊ သိမ်းဆည်းရမိခဲ့ပြီး တပ်မတော်မှ အရာရှိ၊ စစ်သည်အချို့ ထိခိုက်၊ ကျဆုံး၊ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment