Wednesday, December 28, 2016

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းရှိ KIAလက်နက်ကိုင်အဖွဲ့များ၏ ပွိုင့်-၇၆၈ စခန်းနှင့် ပတ်ဝန်းကျင်စခန်းငယ်များကို သိမ်းပိုက်ရရှိ


 
 
နေပြည်တော် ဒီဇင်ဘာ ၂၇

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းKIA လက်နက်ကိုင်အဖွဲ့များ အခိုင်အမာ တပ်စွဲထားသည့် ဂီဒုန်စခန်းအပါအဝင် ကာကင်းစခန်းများကို မြန်မာ့ တပ်မတော်က ဒီဇင်ဘာ ၁၆ ရက်က သိမ်းပိုက်ရရှိခဲ့ပြီးနောက် မြစ်ကြီးနား-ဗန်းမော်ကားလမ်း၏ အရှေ့ဘက် ၇ မိုင်ခန့်အကွာရှိ KIA တပ်မဟာ ၅ လက်အောက် တပ်ရင်း ၃ ဌာနချုပ်ရှိရာ ပွိုင့် ၇၆၈ (KIAအခေါ် လိုင်ဖောင်)စခန်း ကို သိမ်းပိုက်ရရှိရေးအတွက် ဒီဇင်ဘာ ၂၁ ရက်က တပ်မတော်စစ်ကြောင်းများ က စတင်တိုက်ခိုက်ခဲ့သည်။

အဆိုပါတိုက်ခိုက်မှုအပေါ် မူတည် ၍ ယနေ့နံနက်ပိုင်းက လေကြောင်း နှင့် ခြေလျင်၊အမြောက်၊ တင့်၊ လက်နက် ကြီးပစ်ကူရယူ၍ တိုက်ခိုက်ခဲ့ရာ ညနေ ၃ နာရီခွဲက ပထမဆုံးစခန်းကို သိမ်းပိုက် ရရှိခဲ့ပြီး ညနေ ၅ နာရီ ၁၅ မိနစ်ခန့်က အဓိကခံစစ်ကုန်းနှင့် စခန်းငယ် ခြောက်ခု တို့ကို သိမ်းပိုက်ရရှိခဲ့သည်။

ယနေ့သိမ်းပိုက်ရရှိသည့် ပွိုင့်-၇၆၈ (KIAအခေါ် လိုင်ဖောင်)စခန်းသည် ဒီဇင်ဘာ ၁၆ ရက်ကKIA တို့ လက်လွှတ် ခဲ့ရသည့် တပ်ရင်း ၂၅၂ ၏ ဂီဒုန်စခန်းနှင့် အပြိုင် နန့်တဘက်ချောင်း၏ တစ်ဖက် တစ်ချက်စီ၌ တပ်စွဲအခြေပြုထား သည့် စခန်းကြီးတစ်ခုဖြစ်ပြီးKIA ဗဟိုဌာနချုပ် လိုင်ဇာ၊ လိုင်စင်ပို့နှင့် အမှတ် ၆ နယ်ခြားမှတ်တိုင်တစ်ဝိုက်ရှိ စခန်းများနှင့် ဆက်သွယ်သည့် လမ်းကြောင်းကို စိတ်ချလုံခြုံမှုရှိစေ ရေးနှင့် မြစ်ကြီးနား၊ ဝိုင်းမော်မြို့နယ်ကို ခြိမ်းခြောက်နိုင်ရေး တည်ဆောက်ထား သည့် စခန်းတစ်ခုဖြစ်ပြီး ယင်းလမ်း ကြောင်းမှတစ်ဆင့် တပ်မဟာ ၁ နယ်မြေ အင်ဂွန်လဒေသသို့ ဆက်သွယ်ရာ အတွင်းလမ်းကြောင်းတစ်ခုလည်းဖြစ် ကြောင်း သိရသည်။

KIA စခန်းများကို သိမ်းပိုက်ရရှိပြီး ဖြစ်သော်လည်း အချိန်ကန့်သတ်ချက်အရ ပြန်လည်စုဖွဲ့ နေရာယူခြင်းနှင့်အတူ နှစ်ဖက်ထိခိုက်ဆုံးရှုံးမှုများနှင့်ပတ်သက်၍ အသေးစိတ် စစ်ဆေးလျက်ရှိကြောင်းနှင့် ဆက်လက်သတင်းထုတ်ပြန်သွားမည်ဖြစ် ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ်ရုံးမှ သတင်းရရှိသည်။ (သတင်းစဉ်)



No comments:

Post a Comment