Wednesday, December 28, 2016

ရန်ကုန်တိုင်းဒေသကြီး၌ လာမည့်နွေရာသီအတွက် ပြည့်ဝကောင်းမွန်သော လျှပ်စစ်ဓာတ်အားပေးနိုင်ရေးအတွက် အစီအစဉ်နှစ်ခုရှိ



 
 
ရန်ကုန် ဒီဇင်ဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး၌ လာမည့်နွေရာသီတွင် ပြည့်စုံ ကောင်းမွန်သော လျှပ်စစ်ဓာတ်အားပေးနိုင်ရေးအတွက် ဆောင်ရွက်နေသော အစီအစဉ်နှစ်ခုရှိကြောင်း တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယ ပုံမှန်အစည်းအဝေး (၂၃)ရက်မြောက်နေ့ အစီအစဉ်တွင် ပါဝင် သော လမ်းမတော်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးအေးမာ၏ ကြယ်ပွင့်ပြ မေးခွန်းမေးမြန်း မှုကို ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

လမ်းမတော်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးအေးမာက စီးပွားရေးလုပ်ငန်းရှင်များ သုံးစွဲသော ဓာတ်အားများ၊ စက်မှုလုပ်ငန်းရှင်များ သုံးစွဲသော လျှပ်စစ်ဓာတ်အားများနှင့် ပြည်သူလူထုသုံးစွဲသော လျှပ်စစ်ဓာတ်အားများကို နှိုင်းယှဉ်ကြည့်ခြင်းဖြင့် မည်သူတို့ အတွက် လျှပ်စစ်ဓာတ်အား ပိုမိုသုံးစွဲနေရကြောင်း၊ ပိုမိုအရှုံးခံ နေရသည်ကို တွေ့မြင်လာရမည်ဖြစ်ကြောင်းနှင့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ထိုကဲ့သို့ အရှုံးခံဖြန့်ဖြူးနေခြင်း အတွက် အရှုံးခံမှုနည်းပါးစေရန် နည်းလမ်းရှာဖွေသင့်ကြောင်း ကို ¤င်း၏ မေးခွန်းတွင် ထည့်သွင်းမေးမြန်းခဲ့သည်။

လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က မေးခွန်းနှင့်ပတ်သက်၍ ပြန်လည်ဖြေကြား ရာတွင် ''ရန်ကုန်တိုင်းဒေသကြီးမှာ လာမယ့်နွေရာသီအတွက် ပြည့်ဝကောင်းမွန်သော လျှပ်စစ်ဓာတ်အားပေးနိုင်ရေးအတွက် အစီအစဉ်နှစ်ခုရှိပါတယ်။ ပြည့်ဝကောင်းမွန်သောဆိုတဲ့စကားလုံးကို အဓိပ္ပာယ်ဖွင့်ရရင် ပြည့်ဝသောဆိုတာက ဗို့အား ပြည့်ဝ တာကိုပြောတာပါ။ ကောင်းမွန်သောဆိုတာက လျှပ်စစ်မီး မပြတ်ဘဲ အဆက်မပြတ်ရရှိမယ့် လျှပ်စစ်ကိုပြောတာပါ။ လာမယ့် နွေရာသီမှာ ပြည့်ဝကောင်းမွန်သော လျှပ်စစ်ဓာတ်အားပေး နိုင်ရေးအတွက် (၁)ဆိပ်ကြီးခနောင်တို အလုံဓာတ်အားပေး စက်ရုံတစ်ဖက်ကမ်းမှာ ၃ဝဝ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားပေး စက်ရုံကို စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ (၂)ကတော့ သန်လျင် သီလဝါအထက်ပိုင်းမှာ သင်္ဘောနဲ့တင်လာမယ့် ၃ဝဝ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားပေးစက်ရုံပေါ့။ အဲဒါလည်း စီစဉ် ဆောင်ရွက်နေပြီဖြစ်ပါတယ်''ဟု မေးခွန်းမေးမြန်းခြင်းအပေါ် ထည့်သွင်းဖြေကြားခဲ့သည်။

ဝန်ကြီးက ဆက်လက်၍ နိုင်ငံတော်က ဖြန့်ဖြူးပေးနေသော လျှပ်စစ်ဓာတ်အားဈေးနှုန်းမှာ အလွန်သက်သာသောနှုန်း ထားဖြစ်ကြောင်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် နှစ်စဉ် ပျမ်းမျှ မြန်မာကျပ်$ငွေ ၄၇ဝ ဘီလီယံခန့် အရှုံးပေါ်နေကြောင်းနှင့် ထပ်မံတိုးချဲ့မည့် ၆ဝဝ မဂ္ဂါဝပ် ပါဝင်ပါက မြန်မာ$ကျပ်ငွေ ၉ဝဝ ဘီလီယံခန့် အရှုံးပေါ်နိုင်ကြောင်း ပြောကြားခဲ့သည်။
ယနေ့ ကျင်းပသော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းများဖြစ်သော ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စား လှယ် ဦးသန်းနိုင်ဦး၏ ရန်ကုန်တောင်ပိုင်းခရိုင်ရှိ ဒလ၊ လက်ခုပ် ကုန်းမြို့များ၌ စိုက်ပျိုးမွေးမြူရေးဇုန်များ၊ အသေးစားစက်မှု ဇုန်များ ပြုလုပ်ရန် အစီအစဉ်ရှိ/မရှိ မေးခွန်း၊ လသာမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းနိုင် ၏ ရန်ကုန်မြို့တွင်း ယာဉ်ရပ်နားမှုများ စနစ်တကျဖြစ်စေရန် အတွက် အများပြည်သူပိုင်လမ်းများ၌ ကားပါကင်လိုင်းများ ရေးဆွဲကာ ယာဉ်ရပ်နားခကောက်ခံစေလျက် ယာဉ်ရပ်နားမှု ဆိုင်ရာ စည်းကမ်းချက်များ၊ မူဝါဒများချမှတ်ပေး ရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် လမ်းမတော်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမာ၏ ရန်ကုန်တိုင်း ဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းတွင် စက်မှုဇုန် ၂၉ ဇုန်အတွက် မြို့နယ်တစ်ခုချင်းအလိုက် သုံးစွဲသော ယူနစ် ပေါင်းနှင့် ဓာတ်အားသုံးစွဲမှုအပေါ် ကောက်ခံရရှိသော ငွေတို့ ကိုက်ညီမှု ရှိ/မရှိ မေးခွန်းများကို မေးမြန်းခဲ့ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ပြန်လည်ဖြေကြားခဲ့ကြသည်။
ဆက်လက်၍ ၂ဝ၁၆-၂ဝ၁၇ ခု ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်း ဒေသကြီး၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကို ဥပဒေကြမ်းကော်မတီ၏ လေ့လာစိစစ်ချက် အစီရင်ခံစာအား ဖတ်ကြားတင်ပြပြီး အဆုံးအဖြတ်ရယူခဲ့ရာ ကန့်ကွက်သူမရှိ သည့်အတွက် ဥပဒေကြမ်းကို လွှတ်တော်က အတည်ပြုခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက ''၂ဝ၁၆ ခုနှစ်အတွင်းမှာ နိုင်ငံသား တစ်ဦးချင်း၊ တစ်ယောက်ချင်းမှာ အဆင်မပြေမှုတွေ၊ စိန်ခေါ်မှု တွေနဲ့ ကြုံတွေ့ရမှာ မလွဲပါဘူး။ ဒါတွေကို အမှတ်တရ သတိတရ နဲ့ ချင့်ချိန်သုံးသပ်ပြီး လာမယ့်နှစ်သစ်မှာ စိတ်သစ်လူသစ် အတွေးအခေါ်အသစ်တွေနဲ့ စိတ်ချမ်းသာခြင်း၊ ကိုယ်ချမ်းသာ ခြင်းနဲ့ နှစ်သစ်မှာ ပျော်ရွှင်နိုင်ကြပါစေလို့ အားလုံးကို ဆုမွန် ကောင်းတောင်းလိုက်ပါတယ်''ဟု ပြည်သူများနှင့် လွှတ်တော် ကိုယ်စားလှယ်များအား နှုတ်ဆက်စကားပြောကြားပြီး ဒုတိယ အကြိမ် တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန် အစည်းအဝေး အောင်မြင်စွာပြီးဆုံးကြောင်း ကြေညာခဲ့သည်။

ကျင်းပပြီးစီးခဲ့သော ဒုတိယအကြိမ် တိုင်းဒေသကြီး လွှတ်တော် တတိယပုံမှန်အစည်းအဝေးကို ၂ဝ၁၆ ခုနှစ် စက်တင်ဘာ ၂၉ ရက်က စတင်ကျင်းပခဲ့ပြီး လွှတ်တော် ကိုယ်စားလှယ်များက တိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ မေးခွန်း စုစုပေါင်း ၂၂၄ ခု မေးမြန်းဖြေကြားခြင်းတို့ကို ဆောင်ရွက် နိုင်ခဲ့ကြောင်း သိရသည်။ လွှတ်တော်ကျင်းပနေစဉ် အဆိုများ အနေဖြင့် ဝမ်းမြောက်ကြောင်း အဆိုတစ်ခုအပါအဝင် အဆို ၁ဝ ခု တင်သွင်းခဲ့ပြီး ဥပဒေကြမ်းများအနေဖြင့် သုံးခု တင်သွင်းခဲ့ရာ နှစ်ခုကို အတည်ပြုနိုင်ခဲ့ပြီး ဆက်လက် ဆောင်ရွက်ဆဲဥပဒေကြမ်းတစ်ခု ကျန်ရှိကြောင်း သိရသည်။ လွှတ်တော်အစည်းအဝေးကာလအတွင်း ပြင်ပမှ လာရောက် လေ့လာသူ ၁၂၁၇ ဦးရှိကြောင်း သိရသည်။

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း

No comments:

Post a Comment