Saturday, December 3, 2016

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း အင်္ဂလန်နိုင်ငံအခြေစိုက် EIA မှ ဧည့်အဖွဲ့အား လက်ခံတွေ့ဆုံ



Image may contain: 3 people , indoor
နေပြည်တော် ဒီဇင်ဘာ ၂
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်း ခိုင်သန်းသည် အင်္ဂလန်နိုင်ငံ အခြေစိုက် Environmental Investigation Agency(EIA)မှ Forest Team Leader ,Ms. Faith Doherty နှင့် အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သစ်တောမပြုန်းတီး ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ အမျိုးသားလွှတ်တော် သတ္တုသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီမှ ဥက္ကဋ္ဌ ၊ အတွင်းရေးမှူးနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment