Saturday, December 3, 2016

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဧည့်ခံသည့်နံနက်စာစားပွဲ တက်ရောက်ပြီးChannel News Asia သတင်းဌာနနှင့် တွေ့ဆုံကာ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာ


Image may contain: 16 people , crowd
စင်ကာပူ ဒီဇင်ဘာ ၂
စင်ကာပူနိုင်ငံတွင်ရောက်ရှိနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ဒေသစံတော်ချိန် နံနက် ၈ နာရီတွင် စင်ကာပူနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဗီဗီယန် ဘာလာ ကရစ်ရှ်နန်က စင်ကာပူနိုင်ငံ Ghim Moh Hawker center & Market ၌ တည်ခင်းသည့် နံနက်စာစားပွဲသို့ တက်ရောက်ပြီး ဈေးအတွင်း လှည့်လည်ကြည့်ရှုလေ့လာသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် နံနက် ၁၁နာရီတွင် ခေတ္တတည်းခိုရာ ရှန်ဂရီလာဟိုတယ်၌ Channel News Asia သတင်းဌာန၏ တွေ့ဆုံမေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။
ပို့ဆောင်နှုတ်ဆက်
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့ဝင်များသည် ပြန်လည်ထွက်ခွာရန် စင်ကာပူနိုင်ငံ ချန်ဂီအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိရာ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး၊ စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဌေးအောင်နှင့် မြန်မာသံရုံး၊ စစ်သံရုံးမှ တာဝန်ရှိသူများက လေဆိပ်၌ လိုက်လံပို့ဆောင် နှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များသည် လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ရာ ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိပြီး လေဆိပ်၌ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံရုံးယာယီတာဝန်ခံနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်၊ ဒုတိယဝန်ကြီး ဦးကျော်တင်နှင့်တာဝန်ရှိသူများ ပြန်လည်လိုက်ပါလာကြသည်။
(သတင်းစဉ်)

No comments:

Post a Comment