Thursday, December 29, 2016

CALDINA ယာဉ်မှ ထော်လာဂျီယာဉ်အား နောက်မှဝင်တိုက်မှုဖြစ်ပွား

Image may contain: car and outdoor
နေပြည်တော် ဒီဇင်ဘာ ၂၈
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် (၃၄၉/၁) နှင့် (၃၄၉/၂)အကြား ယာဉ်မောင်း ကျော်ဇင် လတ် မောင်းနှင်လာသော LIFAN ထော်လာဂျီယာဉ်အား နေပြည်တော်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်း ဦးခင်မောင်ကြည် မောင်းနှင်သော CALDINA ယာဉ်က ယနေ့နံနက် ၆နာရီ ၅ မိနစ်တွင် ထော်လာဂျီယာဉ် နောက်ပိုင်းအား ဝင်ရောက်တိုက်မှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်ကြောင့် ထော်လာဂျီယာဉ်မောင်းနှင်သူမှာ ထိခိုက်ဒဏ်ရာမရရှိခဲ့သော်လည်း CALDINA ယာဉ်တွင် ယာဉ်မောင်းပါ လေးဦး ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သည်။ ဒဏ်ရာရရှိသူများကို စကားအင်းအမြန်လမ်းမကြီး ရဲစခန်းပိုင်ယာဉ်ဖြင့် တံတားဦးဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
သို့ပါ၍ အမြန်လမ်းပေါ်တွင် မောင်းနှင်ခွင့်မရှိသော ထော်လာဂျီယာဉ် တက်ရောက်မောင်းနှင်မှုကြောင့် ထော်လာဂျီယာဉ်မောင်းနှင်သူအား ပုဒ် ၃၃၇ အရ အမှုဖွင့်ပြီး ထောလာဂျီယာဉ်ကို သိမ်းဆည်းထားကြောင်း သိရသည်။
သန်းဦး(လေးမျက်နှာ)
ဓာတ်ပုံ(အမြန်လမ်းရဲတပ်ဖွဲ့)

No comments:

Post a Comment