Thursday, December 29, 2016

အာခါတိုင်းရင်းသားများ စုပေါင်းနှစ်သစ်ကူးပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ

Image may contain: 1 person, crowd
ကျိုင်းတုံ ဒီဇင်ဘာ ၂၈
အာခါတိုင်းရင်းသားများ စုပေါင်း နှစ်သစ်ကူးပွဲတော် ကျင်းပရေး ကော်မတီ(ဗဟို)က ကြီးမှူးစီစဉ် ဆောင်ရွက်မှုဖြင့် ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့ အမှတ် (၅) ရပ်ကွက်ရှိ မြို့မအားကစားကွင်း၌ (၄၂)ကြိမ်မြောက် အာခါတိုင်းရင်း သားများ စုပေါင်းနှစ်သစ်ကူးပွဲတော် အခမ်းအနားကို ဒီဇင်ဘာ ၂၈ ရက် နံနက်က အာခါတိုင်းရင်းသားများ၏ ရိုးရာဓလေ့ ထုံးတမ်းအစဉ်အလာ များနှင့်အညီ ကျင်းပသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီး ဒေါက်တာအောင်သန်း မောင်က (၄၂)ကြိမ်မြောက် အာခါ တိုင်းရင်းသား စုပေါင်းနှစ်သစ်ကူး ပွဲတော်သို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ထံမှ ပေးပို့သော သဝဏ်လွှာကို ဖတ်ကြားပြီးနောက် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေးက စုပေါင်း နှစ်သစ်ကူးပွဲတော်မိန့်ခွန်း ပြောကြားသည်။
ယင်းနောက် အာခါတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးအာဗေလှက စုပေါင်းနှစ်သစ် ကူးပွဲတော် နှုတ်ခွန်းဆက်စကားကို ပြောကြားပြီးနောက် စုပေါင်းနှစ်သစ်ကူးပွဲတော် အလှူငွေနှင့် လက်ဆောင်ပစ္စည်းများပေးအပ်ခြင်း၊ စုပေါင်း နှစ်သစ်ကူးပွဲတော် နှုတ်ခွန်းဆက်တေးသီချင်းနှင့် အာခါတိုင်းရင်းသားများ၏ ရှေးရိုးရာမြေဝိုင်း အကနှင့် ခေတ်ပေါ်တိုင်းရင်းသားအကပဒေသာ အကများဖြင့်ဖျော်ဖြေခြင်း၊ အာခါတိုင်းရင်းသားများ၏ ယဉ်ကျေးမှုပြခန်းများ လိုက်လံပြသခြင်း၊ အာခါတိုင်းရင်းသားများ၏ ရိုးရာဟင်းလျာများ ဖြင့် တည်ခင်းဧည့်ခံခြင်းဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
အာခါတိုင်းရင်းသားများသည် ရှေးအစဉ် အဆက်က နှစ်သစ်ကူးပွဲတော်များကို မိမိတို့ နေထိုင်ရာဒေသအလိုက် ကျင်းပခဲ့ရာ ၁၉၇၅ ခုနှစ်တွင် အာခါတိုင်းရင်းသားလူမျိုးစုကို အခြေခံကိုယ်စားပြုသည့် ''အာခါတိုင်းရင်းသား စုပေါင်းနှစ်သစ်ကူးပွဲတော်'' တစ်နည်းအားဖြင့် ''အာခါအမျိုးသားနေ့''ကို နှစ်စဉ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပလာခဲ့သည်မှာ ယနေ့ဆိုလျှင် (၄၂)ကြိမ်မြောက်ဖြစ်သည်။
အာခါတိုင်းရင်းသားများသည် ရာသီနှစ် တစ်နှစ်တာအား တိရစ္ဆာန်အကောင် ၁၂ ကောင် တို့ဖြင့် သတ်မှတ်ထားရှိရာ ယခင်နှစ် ၂ဝ၁၆ ခုနှစ် မျောက်နှစ်မှ ယခုနှစ် ၂ဝ၁၇ ခုနှစ် ကြက် နှစ်သို့ကူးပြောင်းရောက်ရှိလာခဲ့ရာ တစ်နှစ်တာ ရာသီကာလအတွင်း ကျင်းပကြသည့်ပွဲတော်များ ထဲတွင် စုပေါင်းနှစ်သစ်ကူးပွဲတော်ကို အထွတ် မြတ်ဆုံး၊ အကြီးကျယ်ဆုံးပွဲတော်အဖြစ် သတ် မှတ်ထားရှိကြောင်း၊ တစ်နှစ်တာကာလအတွင်း ရှာဖွေစုဆောင်းရရှိလာခဲ့သည့် ဥယျာဉ်ခြံမြေ ထွက်အသီးအနှံများနှင့် ပစ္စည်းဥစ္စာများမှ ဦးဦးဖျားဖျားကို ပါဝင်လှူဒါန်းဆောင်ရွက်မှု ပြုလုပ်ကြသည့် ပွဲတော်ကြီးတစ်ခုဖြစ်သည်။
(၁၁၁)

No comments:

Post a Comment