Wednesday, December 28, 2016

နှစ်ဟောင်းကို နှုတ်ဆက်ပြီး နှစ်သစ်ကို ကြိုဆိုမယ့် ပရီမီယာလိဂ်ပွဲစဉ်(၁၉)

Image may contain: 3 people, people playing sports, stadium and outdoor


မိုးမြင့်လင်းလက်

၂ဝ၁၆ ခုနှစ်ကို နှုတ်ဆက်ပြီး ၂ဝ၁၇ ခုနှစ်ကို ကြိုဆို မယ့် ပရီမီယာလိဂ်ပွဲစဉ်(၁၉)ကိုတော့ ဒီဇင်ဘာ ၃၁ ရက် နဲ့ ဇန်နဝါရီ ၁ ရက်တွေမှာ ကစားမှာဖြစ်ပါတယ်။ ဒီပွဲစဉ် မှာတော့ လီဗာပူးနဲ့ မန်စီးတီးတို့ရဲ့ ပွဲက ပရိသတ်အကြိုက် ပွဲစဉ်အဖြစ် မြင်တွေ့ရမှာဖြစ်သလို မန်ယူက အိမ်ကွင်း မှာ မစ်ဒယ်ဘရော့ကို ဧည့်ခံရမှာဖြစ်ပါတယ်။ ထိပ်တန်း အသင်းတွေအတွက်ကတော့ ဒီပွဲစဉ်မှာ အမှတ်ပြည့်ရယူ စုဆောင်းနိုင်ရေးကိုပဲ အာရုံပြုပုံဖော်ကြမှာဖြစ်ပါတယ်။

လီဗာပူးနှင့် မန်စီးတီး
လီဗာပူးမှာ မာနေးက ရှစ်ဂိုး၊ လယ်လာနာက ခြောက် ဂိုးသွင်းယူထားသလို မန်စီးတီးမှာလည်း အဂူရိုက ၁ဝ ဂိုး၊ စတာလင်က ငါးဂိုးသွင်းယူထားပါတယ်။ ဒီနှစ် ပရီ မီယာလိဂ်မှာ အိမ်ကွင်းရှုံးပွဲမရှိသေးတဲ့ လီဗာပူးတို့က ပုံမှန်ခြေစွမ်းရဖို့ ကြိုးစားနေရတဲ့ မန်စီးတီးကို အနိမ့် ဆုံးသရေကစားပါလိမ့်မယ်။ ဒီနှစ်သင်းရဲ့ နောက်ဆုံးငါး ပွဲကစားခဲ့တဲ့ ပွဲရလဒ်ကိုကြည့်ရင် လီဗာပူးက သုံးပွဲနိုင် ပြီး မန်စီးတီးက တစ်ပွဲနိုင်ကာ သရေတစ်ပွဲဖြစ်ထားပါ တယ်။ အခုပွဲဟာ နှစ်သင်းစလုံးနိုင်ပွဲ လိုအပ်နေတာမို့ အနိုင်ဆိုရင် အိမ်ရှင်ဖြစ်နိုင်ပါတယ်။

ဘန်လေနှင့် ဆန်းဒါးလန်း
အိမ်ကွင်းမှာ အမှတ်ဆုံးရှုံးမှုမရှိအောင် ကစားနိုင်တဲ့ ဘန်လေဟာ အခုပွဲကို အကောင်းဆုံးကစားသမားတွေ နဲ့ စုဖွဲ့ပြီး ပွဲထွက်လာပါလိမ့်မယ်။ ဘန်လေဟာ အဝေး ကွင်းရလဒ်မကောင်းတတ်ပေမယ့် တိုက်စစ်ပိုင်းမှာ ရဲရဲ ဖွင့်ပြီး အားထုတ်တတ်တာမို့ ဆန်းဒါးလန်းတို့ သတိ ထားကစားမှ ရပါလိမ့်မယ်။ ဆန်းဒါးလန်းတို့က အခု တလော ရလဒ်ကောင်းအောင်ကစားနိုင်ရေး ကြိုးစား လာတာမို့ ဒီပွဲဟာ သရေဖြစ်နိုင်ပေမယ့် ဆန်းဒါးလန်း တို့ အောင်ပွဲခံနိုင်ဖို့ များပါတယ်။

မန်ယူနှင့် မစ်ဒယ်ဘရော့
ဒီနှစ်သင်းရဲ့ နောက်ဆုံးသုံးပွဲတွေ့ဆုံမှု မှတ်တမ်းကို ကြည့်ရင် မန်ယူတို့ ရှုံးပွဲမရှိခဲ့ပါဘူး။ မစ်ဒယ်ဘရော့တို့ က အိမ်ကွင်းမှာ ခြေစွမ်းပြနိုင်ပေမယ့် အဝေးကွင်းမှာ ဆိုရင် ခြေစွမ်းကျဆင်းတတ်ပါတယ်။ နိုင်ပွဲတွေ ပြန် လည်ရယူနေတဲ့ မန်ယူဟာ မစ်ဒယ်ဘရော့ကို ခက်ခက် ခဲခဲကစားပြီး နိုင်ပွဲရရှိရေး အားထုတ်ပါလိမ့်မယ်။ ရှုံးပွဲ တွေဆက်နေတဲ့ မစ်ဒယ်ဘရော့အတွက် ဒီပွဲဟာ မျှော် လင့်ချက်ထားလို့မရနိုင်တဲ့ အနေအထားပါပဲ။

လက်စတာနှင့် ဝက်စ်ဟမ်း
လက်စတာတို့လည်း ပွဲတိုင်းရုန်းကန်နေရတာမို့ အခု ပွဲဝက်စ်ဟမ်းကို အကြိတ်အနယ်နွှဲရမယ့် အနေအထား ဖြစ်နေပါတယ်။ ဝက်စ်ဟမ်းနဲ့ နောက်ဆုံးကစားခဲ့တဲ့ သုံးပွဲမှာတော့ လက်စတာတို့ ရှုံးပွဲမရှိခဲ့ပါဘူး။ ဝက်စ် ဟမ်းတို့ကတော့ အသင်းလိုက်ကစားအားကောင်းပြီး မထင်မှတ်ဘဲ ကစားအားကောင်းတတ်တာမို့ အိမ်ကွင်း ဆိုပေမယ့် လက်စတာတို့ အခြေအနေဆိုးနဲ့ ကြုံတွေ့ရ နိုင်ပါတယ်။ ဒီပွဲရဲ့ အဖြစ်နိုင်ဆုံးရလဒ်က ဂိုးမပြတ်ပေ မယ့် လက်စတာတို့ နိုင်ပွဲဖြစ်ပါတယ်။

ဟားလ်စီးတီးနှင့် အဲဗာတန်
ရလဒ်တွေမတည်မငြိမ်ဖြစ်နေတဲ့ ဟားလ်စီးတီးတို့ လည်း အဲဗာတန်ကို ခက်ခက်ခဲခဲကျော်ဖြတ်ရဖို့ရှိနေပါ တယ်။ အာဆင်နယ်ကို အနိုင်ကစားခဲ့တဲ့ အဲဗာတန်ရဲ့ ခြေစွမ်းပြန်ရရင်တော့ ဟားလ်စီးတီးတို့ မလွယ်ပါဘူး။ ဒီနှစ်သင်းရဲ့ နောက်ဆုံးသုံးပွဲတွေ့ဆုံမှုရလဒ်ကိုကြည့်ရင် တစ်ပွဲစီနိုင်ပြီး သရေတစ်ပွဲဖြစ်ထားပါတယ်။ ဒီပွဲမှာ အမှတ်လိုအပ်နေတဲ့ ဟားလ်စီးတီးတို့ အနိမ့်ဆုံးတစ်မှတ် ရအောင် ကြိုးစားပြီး အမှတ်စုဆောင်းပါလိမ့်မယ်။

ဆောက်သမ်တန်နှင့် ဝက်စ်ဘရွန်း
ဒီနှစ်သင်းရဲ့ နောက်ဆုံးသုံးပွဲတွေ့ဆုံမှုကိုကြည့်ရင် တစ်ပွဲစီနိုင်ပြီး သရေတစ်ပွဲဖြစ်ထားပါတယ်။ ဝက်စ် ဘရွန်းတို့က တစ်ခါတစ်ရံ ခံစစ်ဦးစားပေးကစားတတ် တာမို့ ဆောက်သမ်တန်တို့ သတိပြုကစားရပါလိမ့်မယ်။ နှစ်သင်းစလုံးခြေစွမ်းကွာဟမှု သိပ်မရှိတာကြောင့် သရေရလဒ်က ဒီပွဲရဲ့ အသင့်တော်ဆုံးဖြစ်မယ်လို့ ယူဆ ပါတယ်။

ချယ်လ်ဆီးနှင့် စတုတ်
စတုတ်နဲ့ဆုံတိုင်း ချယ်လ်ဆီးတို့ ပွဲကျပ်အဖြစ် ကြုံ တွေ့ရပြီး ကံမကောင်းတတ်ပါဘူး။ ချယ်လ်ဆီးကို ဘယ် လိုကစားရမယ်ဆိုတာ ကောင်းကောင်းသိထားတဲ့ စတုတ်တို့ကတော့ အဝေးကွင်းဆိုပေမယ့် ဒီပွဲမှာ အမှတ် ရအောင် ယူပါလိမ့်မယ်။ ဒီနှစ်သင်းရဲ့ နောက်ဆုံးသုံးပွဲ တွေ့ဆုံမှုကိုကြည့်ရင် စတုတ်က တစ်ပွဲနိုင်ပြီး နှစ်ပွဲသရေ ဖြစ်ထားပါတယ်။ သရေပွဲတွေဆက်တိုက်ဖြစ်ပေါ်နေတဲ့ စတုတ်ဟာ ချယ်လ်ဆီးဆီက အမြင့်ဆုံးမျှော်လင့်နိုင် တာက သရေဖြစ်ပါတယ်။

ဆွမ်ဆီးနှင့် ဘုန်းမောက်
ဆွမ်ဆီးနဲ့ဆုံတိုင်း အနိုင်ကစားတတ်တဲ့ ဘုန်းမောက် ဟာ အဝေးကွင်းဆိုပေမယ့် ဆွမ်ဆီးကို အခက်တွေ့ အောင် အားထုတ်နိုင်ပါတယ်။ အခုတလော ဘုန်းမောက် တို့က အဝေးကွင်းမှာ အမှတ်ရအောင် ကြိုးစားလာနိုင် တာကြောင့် ဆွမ်ဆီးတို့ သတိပြုကစားမှ ရပါလိမ့်မယ်။ ဆွမ်ဆီးနဲ့ဆုံတိုင်း အသာစီးရအောင် ကြိုးစားနိုင်တဲ့ ဘုန်းမောက်တို့ အခုပွဲမှာ အနိုင်ရလဒ်ကို ထွေးပွေ့ထား နိုင်ပါတယ်။

No comments:

Post a Comment