Wednesday, December 28, 2016

တိုင်းရင်းဆေးအခန်းကဏ္ဍ မြှင့်တင်ခြင်းသည် နိုင်ငံတော်အတွက် အကျိုးကျေးဇူးဖြစ်စေနိုင်

Image may contain: 1 person, sitting, table and indoor


နေပြည်တော် ဒီဇင်ဘာ ၂၇

(၁၇)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် နှီးနှောဖလှယ်ပွဲ ကျင်းပရေးဦးစီး ကော်မတီနှင့် လုပ်ငန်းကော်မတီအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီက ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ဦးစီးကော်မတီနာယက ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးတွင် ဒုတိယသမ္မတက (၁၇)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် နှီးနှောဖလှယ်ပွဲ အောင်အောင်မြင်မြင်ကျင်းပနိုင်ရေးအတွက် လိုအပ်ချက်များကို ဆက်စပ် ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းနိုင်ရန် ယခုအစည်းအဝေးကို ခေါ်ယူခြင်းဖြစ်ပါကြောင်း၊ အထူးသဖြင့် လုံခြုံရေးကို အလေးထားဆောင်ရွက်သွားရန်လိုကြောင်း။
တိုင်းရင်းဆေးသည် ယနေ့ခေတ် နိုင်ငံတကာ၌ ရှေ့တန်းသို့ ရောက်လာသည့် အနေအထားရှိပါ ကြောင်း၊ ဓာတုဆေးဝါးများအစား သဘာဝကုန်ကြမ်းများကို အခြေခံပြီး ဆေးဝါးကုသမှုများ၊ ဆေးဝါး ထုတ်လုပ်မှုများ တိုးမြှင့်ဆောင်ရွက်လာနေကြပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် တိုင်းရင်းဆေးအခန်းကဏ္ဍ မြှင့်တင်ဆောင်ရွက်ခြင်းသည် ပြည်သူလူထုအတွက်၊ နိုင်ငံတော်အတွက် အကျိုး ကျေးဇူးဖြစ်စေနိုင်ပါကြောင်း၊ ယခုညီလာခံကြီး အောင်မြင်ရန် ညီလာခံကျင်းပရေး လုပ်ငန်းများ စနစ်တကျကြိုတင်ပြင်ဆင် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။
တိုက်တွန်း
မြန်မာ့တိုင်းရင်းဆေးနှင့်ပတ်သက်သည့် ညီလာခံများ၊ နှီးနှောဖလှယ်ပွဲများ ပြုလုပ်ပြီး အားပေးမြှင့်တင်ခြင်းအားဖြင့် နိုင်ငံတကာအဆင့်မီသည့် တိုင်းရင်းဆေး သမားတော်များ ပေါ်ပေါက်လာမည်ဖြစ်ပြီး က္ဘာတွင်လည်း အောင်မြင်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ထို့ကြောင့် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် နှီးနှောဖလှယ်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တာဝန်ရှိသူများအနေဖြင့် ကျရာတာဝန်ကို အားကြိုးမာန်တက်ဆောင်ရွက်သွားရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယခုတိုင်းရင်းဆေးညီလာခံတွင် ထွက်ပေါ်လာမည့် ဆွေးနွေးချက်၊ ဆုံးဖြတ်ချက်များကို အသေအချာအလေးအနက်ထားပြီး အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းဆေးလောကကြီးတစ်ခုလုံးတိုးတက်ရန် တိုင်းရင်းဆေးပညာရှင်များ၏ ဦးဆောင်မှုဖြင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တင်ပြသည်။
ရှင်းလင်းတင်ပြ
ယင်းနောက် ဦးစီးကော်မတီ အတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းနှင့် ဦးစီးကော်မတီ တွဲဖက်အတွင်းရေးမှူး ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာရီရီမြင့်တို့က မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့်နှီးနှော ဖလှယ်ပွဲကျင်းပရေးအတွက် ဆပ်ကော်မတီအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ် များနှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ပို့ဆောင်ဆက် သွယ်ရေး၊ တည်းခိုရေး၊ ကျွေးမွေးရေး၊ လုံခြုံရေး၊ သတင်းထုတ်ပြန်ရေးနှင့် ညီလာခံ အကြို လှုံ့ဆော်ရေးကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ ဒုတိယသမ္မတက လုပ်ငန်း လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။
ဝိုင်းဝန်းကူညီဆောင်ရွက်
ထို့နောက် ဦးစီးကော်မတီနာယက ဒုတိယသမ္မတက နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံကို ၂ဝဝဝ ပြည့်နှစ်မှ စတင်၍ နှစ်စဉ်ကျင်းပခဲ့ရာ ၁၆ ကြိမ်တိုင် အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီဖြစ်ပါ ကြောင်း၊ ယခုကျင်းပမည့် (၁၇)ကြိမ်မြောက်က စတင်၍ ညီလာခံနှင့် နှီးနှောဖလှယ်ပွဲ များက ထွက်ရှိလာသည့် ဆုံးဖြတ်ချက်များကို ဆက်လက်အကောင်အထည်ဖော်ရန် လိုအပ်ပါကြောင်း၊ မြန်မာ့တိုင်းရင်းဆေး သုတေသနလုပ်ငန်းများကိုလည်း တိုးတက် အောင် စဉ်ဆက်မပြတ်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်းနှင့် မြန်မာ့တိုင်းရင်းဆေး သမားတော်များ ညီလာခံနှင့် နှီးနှောဖလှယ်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန် ဦးစီး ကော်မတီ၊ လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီများနှင့် ဝန်ကြီးဌာနများအားလုံး ပေါင်းစပ်ပြီး ရည်မှန်းချက်များ အောင်မြင်အောင် ဝိုင်းဝန်းကူညီဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

(၁၇)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံကို ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၁၈ ရက်တွင်လည်းကောင်း၊ နှီးနှောဖလှယ်ပွဲကို ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၁၉ ရက်တွင်လည်းကောင်း မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပမည်ဖြစ်ပြီး မြန်မာ့တိုင်းရင်းဆေးလောက ဘက်စုံအဆင့်အတန်းမြင့်မားရေး နှင့် မြန်မာ့တိုင်းရင်းဆေးပညာ အရည်အသွေးတိုးတက်ရေး၊ မြန်မာ့တိုင်းရင်းဆေးဆရာ တို့၏ ကျင့်ဝတ်သိက္ခာမြင့်မားရေး၊ မြန်မာ့တိုင်းရင်းဆေးပညာဖြင့် ပြည်သူများ၏ ကျန်းမာရေးကို ပိုမိုစောင့်ရှောက်မှုပေးနိုင်ရေး၊ မြန်မာ့တိုင်းရင်းဆေးပညာ ဖွံ့ဖြိုး တိုးတက်ရေးနှင့် မြန်မာ့တိုင်းရင်းဆေးဝါးများ ပိုမိုကောင်းမွန်လာရေးအတွက် ရည်ရွယ် ၍ ယခုကဲ့သို့ ညီလာခံနှင့် နှီးနှောဖလှယ်ပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment