Wednesday, December 28, 2016

တန်ဖိုးမဖြတ်နိုင်တဲ့ တိုက်စစ်မှူးလို့ဆိုတဲ့ ဂျာမိန်းဒီဖိုး

Image may contain: 2 people, people playing sports and outdoor

ကောင်းမြတ်သူ-စုစည်းသည်

ဝက်စ်ဟမ်းအသင်းအနေနဲ့ အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျာမိန်းဒီဖိုးကို ပေါင် ခြောက်သန်းနဲ့ ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ ဂျာမိန်းဒီဖိုးဟာ တန်ဖိုးမဖြတ်နိုင်တဲ့ တိုက်စစ်မှူးလို့ ဆိုပါတယ်။ ဒီအတွက် ဝက်စ်ဟမ်းအသင်းကို ခေါ်ယူစာချုပ် မချုပ်ဆိုဖို့ ဆန်းဒါးလန်းနည်းပြ ဒေးဗစ်မိုယက်စ်က တိုက်တွန်းလိုက်ပါတယ်။

ဒီဖိုးဟာ ဒီနှစ်ထဲမှာ ၁၉ ဂိုးသွင်းယူထားပါတယ်။ ဆန်းဒါးလန်းအတွက်တော့ ဒီဖိုးထွက်ခွာသွားရင် စိုးရိမ်ရတဲ့အနေအထားမှာ ရှိနေပါတယ်။ ဒီဖိုးရဲ့ အရည်အသွေး တန်ဖိုးကို မသတ်မှတ်လိုဘူးလို့ နည်းပြ မိုယက်စ်က ဆိုပါတယ်။ တိုက်စစ်မှူး ဒီဖိုးဟာ ကိုယ်တိုင်ဂိုးသွင်းနိုင်သလို တခြားကစားသမားတွေကိုလည်း ဂိုးသွင်းနိုင်အောင် ပံ့ပိုး ပေးနိုင်သူလို့ ဆိုပါတယ်။
ဒီဖိုးဟာ ဒီနှစ်ထဲမှာ ဆန်းဒါးလန်းအတွက် သိသိသာသာခြေစွမ်းပြကစားတဲ့သူ ဖြစ်ပါတယ်။ အခြားအသင်းတွေရဲ့ ကမ်းလှမ်းလာမှုကိုလည်း ကန့်ကွက်သွားမယ်လို့ နည်းပြ မိုယက်စ်က ဆိုပါတယ်။

No comments:

Post a Comment