Sunday, December 4, 2016

နိုင်ငံခြားရေးမူဝါဒမဟာဗျူဟာ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးရှင်းလင်း



Image may contain: 1 person , suit
လန်ဒန် ဒီဇင်ဘာ ၃
တရုတ်နိုင်ငံနှင့် အရှေ့အာရှဒေသရှိနိုင်ငံများအား ဗြိတိန်နိုင်ငံ၏ချဉ်းကပ်မှုသည် ကူးသန်းရောင်းဝယ်ရေးနှင့် ပြည်ပပို့ကုန်လုပ်ငန်းဆိုင်ရာ ပဋိညာဉ်များပေါ်ထွက်လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ချက်ထက် ကျော်လွန်သင့်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်က ပြောကြားလိုက်သည်။
တရုတ်နိုင်ငံနှင့် အရှေ့အာရှဒေသတို့နှင့်ပတ်သက်၍ မူဝါဒရေးဆွဲချမှတ်ရာတွင် ယခင်ချဉ်းကပ်မှုပုံစံနှင့်မတူ ကွဲပြားသော ချဉ်းကပ်မှုပုံစံရှိသင့်ကြောင်း ဝန်ကြီး ဂျွန်ဆင် က မြို့တော်လန်ဒန်ရှိ ချတ်ထရီယမ်ဂေဟာ၌ပြောကြားသည်။
ဝန်ကြီးဂျွန်ဆင်သည် နိုင်ငံခြားရေးဝန်ကြီးရာထူးတွင် ခန့်အပ်ခံခဲ့ရပြီးချိန်နောက်ပိုင်း ပထမဆုံးအကြိမ် နိုင်ငံခြားရေးမူဝါဒရေးရာနှင့်ပတ်သက်၍ ရှင်းလင်းရာတွင် အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။
နိုင်ငံတကာဆက်ဆံရေးပုံစံ၌ ပြောင်းလဲရန်လိုအပ်လာ ပုံကို ဗြိတိန်နိုင်ငံလက်ခံသင့်ကြောင်း၊ တရုတ်နိုင်ငံက ဦးဆောင်သော အာရှအခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံရေးဘဏ်တွင် အဖွဲ့ဝင်အဖြစ်ပါဝင်သည့် ပထမဆုံးသော အနောက်အုပ်စုနိုင်ငံများတွင် ဗြိတိန်နိုင်ငံပါဝင်ကြောင်း ဂျွန်ဆင်က ပြောကြားသည်။
မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့(နေတိုး) အဖွဲ့ဝင် နိုင်ငံအားလုံးသည် မိမိတို့၏ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး(ဂျီဒီပီ)၏ နှစ်ရာခိုင်နှုန်းကိုကာကွယ်ရေးကဏ္ဍအတွက် သုံးစွဲရန်ဂျွန်ဆင်ကတိုက်တွန်းသည်။ နေတိုး စစ်မဟာမိတ်အဖွဲ့၏အဖွဲ့ဝင်နိုင်ငံများ ကာကွယ်ရေးစရိတ် မြှင့်တင်ရေးဟူသော အမေရိကန်သမ္မတအဖြစ် တင်မြှောက် ခံထားရသူ ဒေါ်နယ်ထရန့်၏ပြောကြားချက်ကို ဂျွန်ဆင်က ထောက်ခံပြောကြားခဲ့သည်။
ဆင်ဟွာ။

No comments:

Post a Comment