Sunday, December 4, 2016

အမေရိကန်နှင့် တရုတ်(တိုင်ပေ) ၃၇ နှစ်အတွင်း ပထမဆုံးအကြိမ် ဆက်ဆံရေးပြန်လည်ထူထောင်



Image may contain: 3 people
ဝါရှင်တန် ဒီဇင်ဘာ ၃
အမေရိကန်သမ္မတအဖြစ် ရွေးကောက်ခြင်းခံထားရသူ ဒေါ်နယ်ထရန့်နှင့် တရုတ်(တိုင်ပေ) သမ္မတ တီဆိုင်းအင်ဝမ်တို့သည် တယ်လီဖုန်းမှတစ်ဆင့် နှစ်နိုင်ငံဆက်ဆံရေးနှင့်ပတ်သက်ပြီး ဆွေးနွေးပြောကြားခဲ့ကြောင်း ယနေ့ သတင်းများအရ သိရသည်။
နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး မရှိသေးသည့်အချိန်တွင် ခေါင်းဆောင်နှစ်ဦးတို့၏ တယ်လီဖုန်းပြောကြားမှုသည် နိုင်ငံရေးစောင့်ကြည့် လေ့လာသူများအကြား အံ့အားသင့်မှုများဖြစ်ပေါ်ခဲ့သည်။
တယ်လီဖုန်းပြောရာတွင် ခေါင်းဆောင်နှစ်ဦးတို့သည် စီးပွားရေး၊ နိုင်ငံရေး နှင့် လုံခြုံရေးဆိုင်ရာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများကို အဓိကထား ပြောကြားခဲ့ကြောင်း သိရသည်။
၎င်းတို့နှစ်ဦး တယ်လီဖုန်းဖြင့် နှစ်နိုင်ငံအရေးဆွေးနွေးမှုများကို တရုတ် (တိုင်ပေ) သမ္မတရုံးမှ ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ တယ်လီဖုန်း ဆယ်မိနစ်ကြာ ပြောကြားမှုအတွင်း တရုတ်(တိုင်ပေ) သမ္မတက အမေရိကန် နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများလုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ထို့ပြင် အမေရိကန်နိုင်ငံအနေဖြင့် တရုတ်(တိုင်ပေ)နှင့် သက်ဆိုင်သည့် နိုင်ငံတကာအရေးကိစ္စများကို ကူညီဆွေးနွေးပေးရန် သမ္မတ တီဆိုင်းအင်ဝမ်က သမ္မတလောင်း ဒေါ်နယ်ထရန့်အား တောင်းဆိုခဲ့သည်။
အမေရိကန်နိုင်ငံနှင့် တရုတ်(တိုင်ပေ)တို့၏ သံတမန်ဆက်ဆံရေးသည် ၁၉၇၉ ခုနှစ်တွင် စတင်ပြတ်တောက်သွားခဲ့သည်။ ယခုခေါင်းဆောင်နှစ်ဦးတို့ တယ်လီဖုန်းဖြင့်ဆွေးနွေးမှုသည် သံတမန်ဆက်ဆံရေး ပြတ်တောက်ခဲ့ပြီးနောက် ပထမဆုံးအကြိမ်ဖြစ်သည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment