Sunday, December 4, 2016

တရုတ်နိုင်ငံ၌ ရက်သတ္တတစ်ပတ်အတွင်း ကျောက်မီးသွေးတွင်းပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွား



Image may contain: people standing, one or more people and outdoor
ပေကျင်း ဒီဇင်ဘာ ၃
ယခုရက်သတ္တပတ်အတွင်း တရုတ်နိုင်ငံ၌ ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုဖြစ်စဉ် နှစ်ကြိမ်ဖြစ်ပွားခဲ့ရာတွင် ၃၈ ဦးထက်မနည်း သေဆုံးရကြောင်း ဆင်ဟွာသတင်းဌာနက ဒီဇင်ဘာ ၃ ရက်တွင် သတင်းထုတ်ပြန်သည်။
သီးခြားဖြစ်စဉ်နှစ်ခုအနက် ဖြစ်စဉ်တစ်ခုမှာ ဟေလုံကျန်းပြည်နယ် ကျီတိုင်ဟဲမြို့ရှိ ပုဂ္ဂလိကကျောက်မီးသွေးတွင်း တစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်ကြောင်း၊ နိုဝင်ဘာ ၂၉ ရက်က ဖြစ်ပွားသည့် မတော်တဆမှုတွင် အလုပ်သမား ၂၂ ဦး ပိတ်မိနေကြောင်း သတင်းတွင်ဖော်ပြသည်။
ဒီဇင်ဘာ ၂ ရက် ညအထိ သေဆုံးသူ ၂၁ ဦးရှိသည်ဟု အတည်ပြုနိုင်ကြောင်း ဟေလုံကျန်ပြည်နယ် အာဏာပိုင်များက ပြောကြားသည်။
ပေါက်ကွဲမှုဖြစ်ပွားရာမှ ဖြစ်ပေါ်ရသော အပျက်အစီးအပိုင်းအစများက ဥမင်လမ်းအချို့ကို ပိတ်ဆို့ထားသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ရာတွင် အခက်အခဲများတွေ့ကြုံရကြောင်း အာဏာပိုင်များကပြောကြားသည်။
ဆင်ဟွာ။

No comments:

Post a Comment