Saturday, December 31, 2016

အမေရိကန်က ရုရှားသံတမန်များကို ပြည်နှင်ဒဏ်ပေး၊ ရုရှားက အမေရိကန်စာသင်ကျောင်းကိုပိတ်ရန် ညွှန်ကြား



Image may contain: 1 person, suit
နယူးယောက် ဒီဇင်ဘာ ၃ဝ
အမေရိကန်ရွေးကောက်ပွဲတွင် ကြားဝင်စွက်ဖက်သည်ဆိုမှုဖြင့် သမ္မတဘာရက်အိုဘားမားက ရုရှားနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများပြုလုပ်ခဲ့ကြောင်း၊ ရုရှားနိုင်ငံကလည်း အမေရိကန်၏အရေးယူပိတ်ဆို့မှုများကို ပြန်လည်လက်တုံ့ပြန်ခဲ့ကြောင်း ဒေသဆိုင်ရာသတင်းဌာနများက ဒီဇင်ဘာ ၃ဝ ရက်တွင် သတင်းထုတ်ပြန်သည်။
၂ဝ၁၆ ခုနှစ် နိုဝင်ဘာလ သမ္မတရွေးကောက်ပွဲကို ရုရှားနိုင်ငံက ကွန်ပျူတာကွန်ရက်အဖျက်အမှောင့်လုပ်ကာ ကြားဝင်နှောင့်ယှက်ခဲ့သည်ဟု သမ္မတဘာရက် အိုဘားမားက စွပ်စွဲခဲ့ပြီး ရုရှားအစိုးရတာဝန်ရှိသူများနှင့် ထောက်လှမ်းရေးဌာနများအပေါ် အရေးယူဒဏ်ခတ်မှု ပြုလုပ်ရန် စီစဉ်ဆောင်ရွက်ခဲ့သည်။
အမေရိကန်၏ နိုင်ငံရေးဆိုင်ရာအဖွဲ့အစည်းများ၏ကွန်ပျူတာကွန်ရက်နှင့်အီးမေးလ်စာလွှာများကို ရုရှားက ဖောက်ထွင်းခဲ့သည်ဟု အိုဘားမားအစိုးရက စွပ်စွဲခဲ့ပြီး ဝါရှင်တန်ရှိ ရုရှားသံရုံးနှင့် ဆန်ဖရန်စစ္စကိုမြို့ရှိ ရုရှား ကောင်စစ်ဝန်ရုံးတို့မှ သံတမန် ၃၅ ဦးကို အမေရိကန်နိုင်ငံခြားရေးဌာနက ပြည်နှင်ဒဏ်ပေးခဲ့သည်။
ထိုစဉ်အတွင်း မြို့တော်မော်စကိုရှိ အမေရိကန် စာသင်ကျောင်းကို ပိတ်သိမ်းရန် ရုရှားအစိုးရအဖွဲ့က ညွှန်ကြားခဲ့သည်။
ရိုက်တာ။

No comments:

Post a Comment