Friday, December 30, 2016

မစ်ဒယ်ဘရော့အသင်းနှင့်ပွဲတွင် ရွန်းနေပါဝင်ကစားနိုင်ရန် မျှော်လင့်၍မရနိုင်သေးကြောင်း မန်နေဂျာမော်ရင်ညိုဆို



 
 
 
 
မန်ယူအသင်းမန်နေဂျာမော်ရင်ညိုက ဆန်းဒါးလန်းအသင်းနှင့်ပွဲတွင် ကြွက်သားဒဏ်ရာကြောင့် အသင်းနှင့် အတူပါဝင်ကစားနိုင်ခဲ့ခြင်းမရှိသည့် ကပ္ပတိန်ရွန်းနေသည် မစ်ဒယ်ဘရော့ အသင်းနှင့် ပွဲတွင်လည်း ပြန်လည်ပါဝင်နိုင်ရေးမှာ မျှော်လင့်၍မရနိုင်သေးကြောင်း ထုတ်ဖော်ပြောဆို လိုက်သည်။
မန်ယူအသင်းတိုက်စစ်မှူးရွန်းနေ ပါဝင်မကစားခဲ့သည့်ဆန်းဒါးလန်းအသင်းကို သုံးဂိုး-တစ်ဂိုး ဖြင့်နိုင်ခဲ့သည့်ပွဲတွင် မန်ယူအသင်းအတွက်ဂိုးများကို ဒါလေဘလင်း၊ အီဘရာဟီမိုဗစ်နှင့် မီခီတာရန် တို့မှ သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
မန်ယူအသင်းမန်နေဂျာမော်ရင်ညိုက မန်ယူအသင်း၏အမြဲတမ်း ဂိုးသွင်းအများဆုံး ကစား သမားဘော်ဘီချာလ်တန်၏၂၄၉ ဂိုးစံချိန်ကိုမီရန် တစ်ဂိုးသာလိုတော့သည့် တိုက်စစ်မှူးရွန်းနေ သည် စနေနေ့တွင်ကစားမည့် မစ်ဒယ်ဘရော့အသင်းနှင့်ပွဲတွင်လည်း ပါဝင်ကစားနိုင်ရန် အလား အလာမရှိဟု ပြောဆိုလိုက်သည်။

မန်ယူအသင်းမန်နေဂျာမော်ရင်ညိုက''အရိုးသားဆုံးပြောရမယ်ဆိုရင်တော့ တိုက်စစ်မှူး ရွန်းနေအနေနဲ့ မစ်ဒယ်ဘရော့အသင်းနဲ့ပွဲနေ့မှာ ပါဝင်ကစားနိုင်ဖို့ဟာ မျှော်လင့်မိပေမယ့် ထင် တော့မထင်ပါဘူး။ ကျွန်တော်ဟာသူအသင်းမှာရှိတာကို နှစ်သက်သလို သူဟာ ကျွန်တော်ကြိုက် တဲ့ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ ဒါပေမယ့်သူပါဝင်နိုင်ဖို့ကတော့ သံသယဖြစ်စရာပါပဲ။ သူ့ရဲ့တိုးတက်မှုအခြေအနေကိုကြည့်ရမှာပါ။ သူဟာကြွက်သားဒဏ်ရာရရှိနေပေမယ့် ကောင်းစွာ သွားလာနိုင်ပါတယ်။ ဒါပေမယ့်သူ့အနေနဲ့ကြံ့ခိုင်မှုနဲ့ ပတ်သက်ပြီး ယုံကြည်မှုတော့မရှိသေးပါဘူး'' ဟု ပြောဆိုခဲ့သည်။

တိုက်စစ်မှူးရွန်းနေသည် ယခုနှစ်ရာသီတွင် မန်ယူအသင်းနှင့်အတူ ပြိုင်ပွဲစုံတွင် ၂၂ ပွဲ ပါဝင် ကစားထားသော်လည်း သုံးဂိုးသာသွင်းယူထားနိုင်သူဖြစ်သည်။
မန်ယူအသင်းသည် ဆန်းဒါးလန်းအသင်းကို သုံးဂိုး-တစ်ဂိုးဖြင့်နိုင်ခဲ့သောကြောင့် လက်ရှိ အချိန်တွင် ပရီမီယာလိဂ်အမှတ်ပေးဇယား၏ အဆင့်ခြောက်နေရာတွင်ရှိနေပြီး အဆင့်လေးနေရာ တွင် ရှိနေသည့် အာဆင်နယ်အသင်းနှင့် လေးမှတ်ကွာခြားနေသေးသည်။
အောင်က


No comments:

Post a Comment