Friday, December 30, 2016

ချယ်လ်ဆီးအသင်းသို့ ရီးရဲမက်ဒရစ်ကွင်းလယ်ကစားသမား တိုနီခရူးစ်ပြောင်းရွှေ့ရန်ရှိနေကြောင်း သတင်းများထွက်ပေါ်



Image may contain: 1 person, standing, shoes and outdoor
 
 
ရီးရဲမက်ဒရစ်ကွင်းလယ်ကစားသမား တိုနီခရူးစ် သည် ခရစ္စမတ်ကာလအတွင်း လန်ဒန်ကိုသွား ရောက်လည်ပတ်ခဲ့သောကြောင့် ဇန်နဝါရီ ဈေးကွက်အတွင်း ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ကစားရန် ရှိနေသည်ဟူသော ထင်ကြေးများ ထွက်ပေါ်လာခဲ့သည်။
ရီးရဲမက်ဒရစ်ကွင်းလယ်ကစားသမား တိုနီ ခရူးစ်သည် လန်ဒန်သို့ သွားရောက်လည်ပတ် ခဲ့သည့်ပုံကိုလည်း သူ၏အင်စတာဂမ်အကောင့် တွင် တင်ထားခဲ့သလိုHyde Park & Sd
Winter Wonderland ၌သားဖြစ်သူနှင့်အတူ ပျော်ရွှင်စွာရှိနေသော ဓာတ်ပုံများကိုလည်း ထင်ထားခဲ့သည်။
ကွင်းလယ်ကစားသမား တိုနီခရူးစ်သည် စပိန်လီဂါ၏ဆောင်းရာသီ အားလပ်ရက်အတွင်း မိသားစုနှင့်အတူ လန်ဒန်သို့လာရောက်လည် ပတ်ခဲ့ခြင်းလည်း ဖြစ်သည်။

သို့သော်လည်း တိုနီရူးစ်၏ လာရောက်လည်ပတ်သည့်နေရာသည့် ချယ်လ်ဆီအသင်း အခြေ စိုက်ရာ လန်ဒန်မြို့ဖြစ်နေသောကြောင့် ဇန်နဝါရီဈေးကွက်အတွင်း တိုနီခရူးစ်အသင်းမှ ထွက်ခွာရန် ရှိနေသည်ဟူသော ထင်ကြေးများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
စီးရီးအေကလပ်ဂျူဗင်တပ်အသင်းနည်းပြ အယ်လီဂရီကလည်း တိုနီခရူးစ်အား အသင်း၏ပီယာလိုလက်သစ်အဖြစ်ခေါ်ယူနိုင်ရန် ပြင်ဆင်နေခြင်းလည်းဖြစ်သည်။
သို့သော်လည်း တိုနီခရူးစ်အနေဖြင့် ပြောင်းရွှေ့ဖြစ်မည်ဆိုပါကလည်း ရီးရဲမက်ဒရစ်အသင်းသို့ မပြောင်းရွှေ့ခင်ကတည်းက စိတ်ဝင်စားမှုရှိနေခဲ့သည့် ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ရန်သာ ပိုမိုအားသာနေသည်။
ချယ်လ်ဆီးအသင်းအနေဖြင့်လည်း တိုနီခရူးစ်အား တရုတ်စူပါလိဂ်သို့ ပြောင်းရွှေ့သွားသည့် အော်စကာ၏ နေရာတွင် အစားထိုးရန်အတွက် ခေါ်ယူရန် ပြင်ဆင်နေခြင်းလည်းဖြစ်သည်။

ကွင်းလယ်ကစားသမားတိုနီခရူးစ်သည် မကြာသေးခင်ကမှ ရီးရဲမက်ဒရစ်အသင်းနှင့် ၂ဝ၂၂ခုနှစ်အထိ စာချုပ်သစ် ထပ်မံချုပ်ဆိုထားသောကြောင့် ချယ်လ်ဆီးအသင်းအနေဖြင့်ခေါ်ယူမည် ဆိုပါက ပေါင် ၇၄သန်းပေးမှသာ ခေါ်ယူရရှိနိုင်မည်ဖြစ်သည်။

အောင်က

No comments:

Post a Comment