Saturday, December 31, 2016

ကရင်နှစ်သစ်ကူးပွဲတော် နောက်ဆုံးနေ့ စည်ကားသိုက်မြိုက်စွာကျင်းပ



Image may contain: one or more people
ရန်ကုန် ဒီဇင်ဘာ ၃ဝ
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ အာလိန်ငါးဆင့် ကျောင်းတွင် ကရင်နှစ်သစ်ကူးပွဲတော် နောက်ဆုံးနေ့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါပွဲတော်ကို ဒီဇင်ဘာ ၂၈ ရက်မှ ၃ဝ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး ပွဲတော်တွင် ယဉ်ကျေးမှုပြခန်း၊ သတင်းနှင့် ပြန်ကြားရေးပြခန်းများကို ဖွင့်လှစ်ပြသခြင်း၊ ကရင်ရိုးရာအကများ၊ တေးသီချင်းများ၊ ဒုံးအကပြိုင်ပွဲ များဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး ကရင်ရိုးရာအားကစား ပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။
''ဒီနေ့ညမှာ အားကစားပြိုင်ပွဲက ဆုရရှိသူတွေကို ဆုပေးမှာပါ။ အခုလို ကရင်နှစ်သစ်ကူးပွဲတော်မှာ ပါဝင် ဆင်နွှဲကြတဲ့ တိုင်းရင်းသားညီအစ်ကိုတွေကို အထူးကျေးဇူး တင်ပါတယ်။ ကရင်အင်အားဟာ ပြည်ထောင်စုအင်အား ပဲ''ဟု ပွဲတော်ကျင်းပရေးဗဟိုကော်မတီအဖွဲ့ တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးမန်းကျော်ညွန့်က ပြောသည်။
ကရင်နှစ်သစ်ကူးပွဲတော်နေ့သည် (သလေးထိုင်ခုတ်ဖို ပြာသိုလဆန်း ၁ ရက်နေ့) တောင်ပေါ်မြေပြန့် ကရင် တစ်မျိုးသားလုံး၏ တရားဝင်နှစ်သစ်မင်္ဂလာနေ့မြတ်ကြီးဖြစ်ပြီး ယင်းနေ့သည် ကရင်မိဘဘိုးဘေးတို့၏ တစ်ခု တည်းသော အမွေအနှစ်နေ့ကြီးဖြစ်သည့်အပြင် ကရင် အမျိုးသားအားလုံး၏ စည်းလုံးညီညွတ်ရေးကို တည် ဆောက်ပေးခဲ့သော သမိုင်းဝင်နေ့မြတ်ကြီးဖြစ်ကြောင်း သိရသည်။
(ဇာနည်မောင်)

No comments:

Post a Comment