Saturday, December 31, 2016

ဥကံ္ကသစ်တောကြိုးဝိုင်းတွင် တစ်နှစ်သားခန့်ရှိ ဆင်သေအရိုးစုတွေ့ရှိ



No automatic alt text available.
တိုက်ကြီး ဒီဇင်ဘာ ၃ဝ
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ဥက္ကံသစ်တောကြိုးဝိုင်း အကွက် အမှတ်(၆၈) ကျောက်ပြားမြောင်းအတွင်း ဒီဇင်ဘာ ၂၆ ရက်တွင် တစ်နှစ်သားခန့်ရှိ ဆင်သေကောင် အရိုးစုတစ်စုတွေ့ရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာန တောအုပ်ဦးသက်နိုင်ဦးကဟြေသည်။
''ဆင်သေအရိုးစုတွေ့ရှိကြောင်းကို ဒေသခံတွေက ကျွန်တော်တို့သစ်တော ကို သတင်းပို့လို့သွားကြည့်တော့ အရိုးစုတွေ့ပါတယ်။ ဒါပေမယ့်ဆင်ရဲ့အရိုးစု လား၊ အခြားတိရစ္ဆာန်တစ်ကောင်ကောင်ရဲ့ အရိုးစုလားတော့ သေချာမသိခဲ့ရပါဘူး။ အရိုးစုတွေကတစ်စစီကျိုးပဲ့ကျေနေတာရယ်၊ ခေါင်းပိုင်းကလည်း အပြည့်အစုံမရှိတာရယ်၊ ဒါ့ကြောင့် ကွဲကွဲပြားပြားသိရအောင် သစ်ထုတ်လုပ်ရေး က ပညာရှင်တွေကိုစစ်ဆေးပေးဖို့ ဓာတ်ပုံနဲ့တကွတင်ပြထားပါတယ်'' ဟု ကိုသက်နိုင်ဦးက ထပ်မံပြောပြသည်။
ဒီဇင်ဘာ ၂၇ ရက်တွင်ရန်ကုန်တိုင်းဒေသကြီး သစ်ထုတ်လုပ်ရေးဌာနမှ တာဝန်ရှိသူဆင်ဆရာဝန်များက တစ်နှစ်သားခန့်နို့စို့အရွယ်ဆင်ပေါက်ကလေး ဖြစ်ကြောင်း၊ မြွေကိုက်၍သေဆုံးခြင်းဖြစ်သည်ဟု အတည်ပြုပေးလိုက်ကြောင်း မြိုင်ဟေဝန်ဆင်စခန်းမှ တာဝန်ရှိသူ ဦးကျော်ဝင်းက ဟြေသည်။
တိုက်ကြီးမြို့နယ်တွင်တောဆင်ရိုင်းသေဆုံးမှု ၁ဝ ကောင်ရှိပြီး ကျွဲဘုတ် ကျေးရွာအုပ်ချုပ်ရေးမှူးပါဝင်သော ဆင်သတ်မုဆိုးဂိုဏ်းအဖွဲ့အား လက်နက်များနှင့် အတူဖမ်းဆီးရမိပြီး အရေးယူထားလျက်ရှိသည်။ ယခုအခါတောဆင်ရိုင်းများသည် စားကျက်ပျောက်ဆုံးပြီး တောင်သူများ၏စပါးသီးနှံများကိုမကြာခဏ ဝင်ရောက်စားသောက်လေ့ရှိသည်။ ထို့ကြောင့် လူနှင့် ဆင်အန္တရာယ်မဖြစ်စေရေး၊ ဆင်ခိုးဂိုဏ်းများသတ်သည့် အန္တရာယ်မှကာကွယ် ရန်နှင့်ဆင်ကောင်ရေမည်မျှ ရှိသည်ကို ကာကွယ်နိုင်ရန် ပြင်သစ်နိုင်ငံမှ(WWF) အဖွဲ့က ရေဒီယိုကော်လာ တပ်ဆင်လျက်ရှိကြောင်း သိရသည်။
ထွန်းလှိုင်(မြိုင်)

No comments:

Post a Comment