Thursday, December 29, 2016

လူရည်ချွန် (၁၉၆၄-၈၈)အဖွဲ့၏ ၂ဝ၁၆ ခုနှစ် နှစ်ပတ်လည်ညီလာခံနှင့် ညစာစားပွဲကျင်းပ


Image may contain: 1 person, indoor 
 Image may contain: 3 people, people standing and indoor
ရန်ကုန် ဒီဇင်ဘာ ၂၈

လူရည်ချွန် (၁၉၆၄-၈၈)အဖွဲ့၏ ၂ဝ၁၆ ခုနှစ် နှစ်ပတ်လည်ညီလာခံနှင့် ညစာ စားပွဲကို ယနေ့ ညနေပိုင်းက ရန်ကုန်မြို့ ပြည်လမ်းရှိ ဆေးတက္ကသိုလ်(၁) စာသင် ခန်းမနှင့် မြက်ခင်းပြင်တို့၌ ကျင်းပသည်။
လူရည်ချွန် (၁၉၆၄-၈၈) အဖွဲ့ နှစ်ပတ်လည်ညီလာခံကို ညနေ ၄ နာရီ တွင် ဆေးတက္ကသိုလ်(၁) စာသင်ခန်းမ ၌ ကျင်းပရာ သဘာပတိအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက အမှာစကား ပြောကြားပြီး အတွင်းရေးမှူး ဦးကျော်ဌေးက အဖွဲ့၏ ၂ဝ၁၆ ခုနှစ် ပညာရေး၊ လူမှုရေးကဏ္ဍ ဆောင်ရွက်ချက် များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် လူရည်ချွန် (၁၉၆၄-၈၈)အဖွဲ့၏ အထက်မြန်မာပြည်အဖွဲ့ ခွဲဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက အဖွဲ့ခွဲ၏ လုပ်ငန်းဆောင်ရွက်ချက်များကို လည်း ကောင်း၊ တွဲဖက်အတွင်းရေးမှူး ဒေါက်တာခင်မောင်ထွေးက အဖွဲ့၏ ကျန်းမာရေးကဏ္ဍ ဆောင်ရွက်ချက်များ ကိုလည်းကောင်း၊ ဒေါက်တာမီမီလွင်က ကချင်ပြည်နယ် နယ်လှည့်ကျန်းမာရေး စောင့်ရှောက်မှုဆေးကုသခြင်း ဆောင် ရွက်ချက်များကိုလည်းကောင်း၊ ဘဏ္ဍာ ရေးမှူး ဒေါ်သီတာဦးက ဘဏ္ဍာရေး အစီရင်ခံစာကိုလည်းကောင်း၊ စာရင်း စစ် ဒေါက်တာကျော်စိုးက စာရင်းစစ် အစီရင်ခံစာကိုလည်းကောင်း ရှင်းလင်း တင်ပြကြသည်။
ဆက်လက်၍ ကာကွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးစိန်ဝင်းကိုယ်စား ဗိုလ်မှူး ဇော်ဝင်းနိုင်(ငြိမ်း)က ဆေးတက္ကသိုလ် ပညာသင်ဆုရ လူရည်ချွန်ကျောင်းသား တစ်ဦးအတွက် အလှူငွေ$ကျပ် ၇၂ သိန်း ကို ပေးအပ်လှူဒါန်းရာ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က လက်ခံပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ယင်းနောက် ဒေါက်တာတင်ထွန်းဦး က လူရည်ချွန်ကုသိုလ်ဖြစ် ဆေးခန်း အတွက် ငွေ$ကျပ်သိန်း ၂ဝ ကို ပေးအပ် လှူဒါန်းရာ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာဖေသက်ခင်က လက်ခံသည်။
ထို့နောက် လူရည်ချွန် (၁၉၆၄-၈၈) အဖွဲ့ နှစ်ပတ်လည်ညစာစားပွဲကို ဆေးတက္ကသိုလ်(၁) မြက်ခင်းပြင်၌ ဆက်လက်ကျင်းပရာ သဘာပတိအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက အမှာ စကားပြောကြားသည်။ ဆက်လက်၍ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင် စု ဝန်ကြီးနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးတို့က နှုတ်ခွန်းဆက် စကား ပြောကြားကြသည်။
ယင်းနောက် က္ဘောဇအနာဂတ် အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းမှ လှူဒါန်းငွေ$ကျပ်သိန်း ၅ဝဝ ကို ကမ္ဘောဇ ကုမ္ပဏီများအုပ်စု အကြီးတန်းအုပ်ချုပ်မှု ဒါရိုက်တာ ဦးညိုမြင့်နှင့် ဇနီး ဒေါက်တာ နန်းခင်မေဖူးတို့က ပေးအပ်လှူဒါန်းရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့်ဇနီး ဒေါက်တာ ခင်သန်းအေးတို့က လက်ခံသည်။
ထို့နောက် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဇော်သိန်းက ငွေ$ ကျပ် ၁ဝ သိန်း၊ ဦးစိန်ဝမ်း - ဒေါ်မ္တွူထွန်း တို့က လူရည်ချွန်ကုသိုလ်ဖြစ်ဆေးခန်းသို့ တန်ဖိုးငွေ$ကျပ် ၁၁၄ သိန်းတန်ဖိုးရှိ Ultra-Sound စက်၊ မြစိမ်းရောင် ဆရာတော်အားရည်စူး၍ ဒေါ်ညွန့်ယဉ်ဝင်း က ငွေ$ကျပ်သိန်း ၁ဝဝ ၊ အောင်မြင်သူ ကုမ္ပဏီက ငွေ$ကျပ်သိန်း ၁ဝဝ ပေးအပ် လှူဒါန်းကြရာ လူရည်ချွန်(၁၉၆၄-၈၈)အဖွဲ့မှ တာဝန်ရှိသူများက လက်ခံကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ် ကာ ညစာဖြင့် တည်ခင်းဧည့်ခံသည်။

သတင်း - ရီရီမြင့်၊ ဓာတ်ပုံ - ရဲထွဋ်

No comments:

Post a Comment