Thursday, December 29, 2016

မြန်မာနိုင်ငံမှ လက်ရှိဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဆွေးနွေး

နှစ်နိုင်ငံနယ်နိမိတ်အကြား လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေးနှင့်
Image may contain: 2 people, people sitting
 နေပြည်တော် ဒီဇင်ဘာ ၂၈

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး မစ္စတာ ဗစ်ခရမ်မစ်ဆရီနှင့်အဖွဲ့ကို ယနေ့မွန်းလွဲ ၂ နာရီတွင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံတပ်မတော်အကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ နှစ်နိုင်ငံနယ်နိမိတ်အကြား လုံခြုံရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်နိုင်ရေးနှင့် မြန်မာနိုင်ငံမှ လက်ရှိဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေး ခဲ့ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment