Thursday, December 29, 2016

အိန္ဒိယ၌် ရထားတစ်စင်းလမ်းချော်တိမ်းမှောက်၊ လူ ၆ဝ ထက်မနည်းဒဏ်ရာရရှိ


Image may contain: sky and outdoor
နယူးဒေလီ ဒီဇင်ဘာ ၂၈

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတ္တရာပရာဒေ့ရှ် ပြည်နယ် ကန်ပါးရ်မြို့အနီး၌ ယနေ့ နံနက်အစောပိုင်းက အမြန်ရထား တစ်စင်း လမ်းချော်မှုကြောင့် လူ ၆ဝ ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း အဆင့်မြင့် ရထားအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ရထားလမ်းချော်မှုသည် ကန်ပါးရ် ပြည်နယ် ဒီဟတ်ခရိုင်ရှိ ရူရာဘူတာရုံ၌ ဒေသစံတော်ချိန် နံနက် ၅ နာရီခွဲခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းနှင့် Sealdah-Ajmer အမြန်ရထား၏ ရထားတွဲ ၁၄ တွဲလမ်းချော်သွားခဲ့ခြင်းဖြစ်ပြီး နှစ်တွဲ သည် မြောင်းထဲသို့ထိုးကျသွားခဲ့သော်လည်း ယခုအချိန်ထိ သေဆုံးမှုမရှိသေး ကြောင်းသိရသည်။
ရထားလမ်းချော်မှုမဖြစ်မီ တစ်လ ခန့်က Indore-Patna အမြန် ရထား၏ ရထားတွဲ ၁၄ တွဲ လမ်းချော်ခဲ့ပြီး အနည်းဆုံး လူ ၁၄ဝ ခန့်သေဆုံးခဲ့ကာ ၂ဝဝ ကျော် ဒဏ်ရာရရှိခဲ့သည်။ကန်ပါးရ် သည် အဓိက ရထားလမ်းဆုံနေရာဖြစ်ပြီး တစ်နေ့လျှင် ရထားစင်းရေ ၁ဝဝ ကျော် ဖြတ်သန်းသွားလာလျက်ရှိကြောင်း သိရ သည်။
အိန္ဒိယနိုင်ငံ၏ ရထားလမ်းများသည် က္ဘာ့အရှည်ဆုံး ရထားကွန်ရက်တစ်ခု တွင်ပါဝင်ပြီး နိုင်ငံမြောက်ပိုင်းမှ တောင်ပိုင်းသို့ ချိတ်ဆက်ထားသည့် ရထားလမ်းများသည်လည်း ရှုပ်ထွေး လျက်ရှိသည်။ အိန္ဒိယအစိုးရသည် လာမည့် ငါးနှစ်တာကာလအတွင်း ရထား လမ်းများအဆင့်မြှင့်တင်ခြင်းနှင့် တိုးချဲ့ ခြင်းများပြုလုပ်ရန် အမေရိကန်ဒေါ်လာ ၁၃၇ ဘီလီယံရင်းနှီးမြှုပ်နှံမည်ဖြစ် ကြောင်း၂ဝ၁၅ ခုနှစ်က ကြေညာခဲ့သည်။

(ဆင်ဟွာ)

No comments:

Post a Comment