Friday, December 2, 2016

ကမ္ဘာ့အသက်အကြီးဆုံး အီတလီအမျိုးသမီးကြီး၏ (၁၁၇) နှစ်မြောက် မွေးနေ့ကျင်းပ

Image may contain: 3 people
ဗာဘာနီးယား(အီတလီ) ဒီဇင်ဘာ ၁
ကမ္ဘာ့အသက်အကြီးဆုံးသက်ရှိပုဂ္ဂိုလ်အဖြစ်သတ်မှတ်ခံရသူ အီတလီအမျိုးသမီးကြီးအမ်မာမိုရာနို၏အသက် (၁၁၇) နှစ်မြောက်မွေးနေ့ အခမ်းအနားကို နိုဝင်ဘာ ၂၉ ရက်တွင် ကျင်းပခဲ့ကြောင်း၊ ၄င်းသည် ၁၈ဝဝ ပြည့်လွန်နှစ်များက မွေးဖွားခဲ့သူဖြစ်ပြီး အဓိက အစာအာဟာရအဖြစ် ကြက်ဥနှစ်လုံးကို နေ့စဉ်အစိမ်းသောက်ဆဲဖြစ်ကြောင်း ရိုက်တာသတင်းတွင်ဖော်ပြသည်။
မိုရာနိုအား ၁၈၉၉ ခုနှစ် နိုဝင်ဘာလတွင် မွေးဖွားခဲ့သည်။ ၄င်းအား မွေးဖွားခဲ့ချိန်မှာ ရိုက်ညီနောင်တို့ ကမ္ဘာ့ပထမဆုံးသော လေယာဉ်ကို စမ်းသပ်ပျံသန်းမှုမပြု လုပ်မီ လေးနှစ်ခန့်အလိုတွင် ဖြစ်သည်။
မိုရာနိုသည် ရာစုနှစ်သုံးစုကိုမီသူဖြစ်ပြီး ကမ္ဘာ့စစ် ကြီးနှစ်ခုနှင့်လည်း ကြုံတွေ့ခဲ့ရကာ ၄င်းအသက်ရှင်နေထိုင် သည့်ကာလအတွင်း အီတလီနိုင်ငံ၌ အစိုးရအဖွဲ့ပေါင်း ၉ဝ ကျော်ကြုံဆုံခဲ့ဖူးသူဖြစ်သည်။
၎င်း၏မိတ်ဆွေများ၊ အိမ်နီးချင်းများ၊ မြေးမြစ် တီတွတ်များနှင့်အတူ ၄င်းနေထိုင်ရာ အီတလီနိုင်ငံ မြောက်ပိုင်း မက်ဂရီရိုး ရေအိုင်ကြီး၏ကမ်းခြေ ဗာဘာနီး ယားမြို့ရှိ တိုက်ခန်းကျဉ်းကလေးတွင် မွေးနေ့ပွဲကိုကျင်းပ ခဲ့သည်။ မွေးနေ့အထိမ်းအမှတ်အဖြစ် အဖြူရောင်မွေးနေ့ ကိတ်မုန့်ကြီးတစ်လုံးကို လှီးခဲ့သည်။
စက်ရုံတစ်ရုံတွင် မိမိအသက် (၆၅) နှစ်အရွယ်အထိ အလုပ်လုပ်ကိုင်ခဲ့ကြောင်း၊ မိမိ၏ဘဝသည် ထင်သလောက် သာယာလှပမှုမရှိခဲ့ကြောင်း အသက် (၁၁၇) နှစ်အရွယ် ရှိပြီဖြစ်သည့် အဘွားအိုက ရိုက်တာရုပ်မြင်သံကြားဌာန၏ တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားသည်။
ဘီးတပ်လှည်း ပေါ်ထိုင်ကာ ပဝါတစ်ထည်ကို ခြုံလွှမ်းရင်း သူ့ဘဝ ဇာတ်ကြောင်းကို ပြောပြခဲ့သည်။
ဆင်ဟွာ။

No comments:

Post a Comment