Friday, December 2, 2016

ထိုင်းအိမ်ရှေ့မင်းသားအား ဘုရင်အဖြစ် ကြေညာရန် ပြင်ဆင်

Image may contain: 1 person , outdoor
ဗန်ကောက် ဒီဇင်ဘာ ၁
ထိုင်းနိုင်ငံ၌ ပါလီမန်က အိမ်ရှေ့မင်းသားဝိဇယလောင်ကွန်းအား ဘုရင်သစ်အဖြစ် နန်းတက်ခြင်းကို အတည်ပြုပေးလိုက်ရာ ၄င်းအနေဖြင့် ဘုရင်အဖြစ် ကြေညာရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက ဒီဇင်ဘာ ၁ ရက်တွင် သတင်းထုတ်ပြန်သည်။
ဘုရင်ဘူမိဘော အဒူလျာဒတ်ဂ်ျသည် အောက်တိုဘာ ၁၃ ရက်က ကံတော်ကုန်ခဲ့ပြီးနောက် တစ်လကျော်ကြာမြင့်ပြီးချိန်တွင် အိမ်ရှေ့မင်းသား ဝိဇယလောင်ကွန်းက ဘုရင်သစ်အဖြစ် နန်းမွေဆက်ခံနိုင်ရေးအတွက် ပါလီမန်အထူးအစည်းအဝေးကျင်းပခဲ့သည်။
ထိုင်းနိုင်ငံ၏အမျိုးသားဥပဒေပြုလွှတ်တော်ဥက္ကဋ္ဌ ပွန်းပက်ဝိချီချိုချိုင်သည် အသက် (၆၄) နှစ်အရွယ်ရှိ အိမ်ရှေ့မင်းသား ဝိဇယလောင်ကွန်းအား ဒသမ မြောက်ရာမဘုရင်အဖြစ် နန်းတက်ရန် တရားဝင်ဖိတ်ခေါ်ခဲ့သည်။
ထိုင်းနိုင်ငံ၏ရာစုနှစ် နှစ်စုသက်တမ်းရှိသော ချက်ကရီမင်းဆက်၏ ဒသမ မြောက်ရာမဘုရင်မင်းမြတ်အဖြစ် စိုးစံတော်မူမည်ဖြစ်သည်။
ရိုက်တာ။

No comments:

Post a Comment