Thursday, December 29, 2016

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်


တရားဥပဒေစိုးမိုးမှုနှင့် ပြည်သူလူထု၏တည်ငြိမ်အေးချမ်းမှု

ရန်ကုန်မြို့နေ သန်းနှင့်ချီသော ပြည်သူအများစုသည် နေ့စဉ်သွားလာရေး အတွက် ဘတ်စ်ကား(ခရီးသည်တင်ယာဉ်လိုင်းများ) များကိုသာ အားပြု နေကြရပါသည်။ သို့ဖြစ်ပါ၍ ခရီးသည်တင်ယာဉ်လိုင်းများသည် ရန်ကုန် မြို့နေ ပြည်သူတို့၏ နေစဉ်ဘဝတွင် မရှိမဖြစ်အခန်းကဏ္ဍမှ ပါဝင်နေပါ သည်။ ဤသို့ မရှိမဖြစ်အခန်းကဏ္ဍမှ ပါဝင်နေသောကြောင့် ခရီးသည်တင် ယာဉ်လိုင်းများ၏ ဝန်ဆောင်မှုသည် ခရီးသွားပြည်သူတို့၏ အဆင်ပြေမှု အတွက် အထောက်အပံ့ကောင်း ဖြစ်စေရမည်ဖြစ်ပါသည်။ သို့သော် ခရီးသည်တင်ယာဉ်လိုင်းများရှိ တချို့သောယာဉ်မောင်းများနှင့် ယာဉ် နောက်လိုက်တို့၏ ရမ်းကားဆိုးသွမ်းမှုသည် ပြည်သူလူထုအကြား အရေး တယူဆွေးနွေးရသည့် အဆင့်အထိ ရောက်ရှိလာသည်ကို တွေ့ရှိရပါသည်။
ခရီးသွားပြည်သူတို့ထံမှရရှိသော ဝင်ငွေအပေါ် အမှီပြုရပ်တည် နေရသည့် ခရီးသည်တင်ယာဉ်လိုင်းများရှိ တချို့သော ယာဉ်မောင်းများ နှင့် ယာဉ်နောက်လိုက်တို့၏ ရမ်းကားဆိုးသွမ်းမှုသည် ခရီးသွားပြည်သူတို့ကို စော်ကားသည့် အဓိပ္ပာယ်သက်ရောက်ရုံသာမက ဥပဒေကိုဘေးဖယ်၍ မင်းမဲ့စရိုက်ဆန်ဆန် ပြုကျင့်သည့်အဓိပ္ပာယ်လည်း သက်ရောက်ပါသည်။ သို့သော် ''လူပါးဝ ဘကျ များရပ်'' ဟု လှုံ့ဆော်၍ ရမ်းကားဆိုးသွမ်းသည့် ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များကို နီးစပ်စုစည်းမိရာ လူအင် အားဖြင့်ဆုံးမရန် ဆောင်ရွက်ခြင်းသည်လည်း ဥပဒေကို ဘေးဖယ်၍ မင်းမဲ့စရိုက်ဆန်ဆန် ပြုကျင့်သည့်အဓိပ္ပာယ် သက်ရောက်နေပါသည်။ ဤသို့သော မင်းမဲ့စရိုက်ဆန်သည့်လုပ်ရပ်များ ထိပ်တိုက်တိုးမိပါက မျှော်လင့်မထားသော အဓိကရုဏ်းများမှတစ်ဆင့် တရားဥပဒေစိုးမိုးမှုနှင့် ပြည်သူလူထု၏ တည်ငြိမ်အေးချမ်းမှုတို့ကို စိန်ခေါ်ခြိမ်းခြောက်လာမည် ဖြစ်ပါသည်။
တရားဥပဒေစိုးမိုးမှုနှင့် ပြည်သူလူထု၏ တည်ငြိမ်အေးချမ်းမှုတို့ကို စိန်ခေါ်ခြိမ်းခြောက်လာခြင်းသည် လူထုအစိုးရသစ်၏ပုံရိပ်ကို ထိခိုက်စေ သည်သာမက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း အနှောင့်အယှက် အဟန့်အတားတစ်ရပ် ဖြစ်လာမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ရမ်းကားဆိုး သွမ်းသည့် ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်တို့၏ တရားလက်လွတ် ပြုကျင့်မှုများကို ပြည်သူလူထု၏ တည်ငြိမ်အေးချမ်းမှုကို နှောင့်ယှက် ဖျက်ဆီးသည့် လုပ်ရပ်များအဖြစ် သတ်မှတ်၍ အရေးပေါ်အစီအစဉ်များ ချမှတ်ဆောင်ရွက်သင့်ပါသည်။ အဆိုပါ အရေးပေါ်အစီအစဉ်များတွင် ရမ်းကားဆိုးသွမ်းသည့် ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်တို့အား တရားရုံးသို့ ချက်ချင်းပို့ဆောင်၍ ပြစ်မှုထင်ရှားပါက ထိရောက်သော ထောင်ဒဏ်များကို ချက်ချင်းချမှတ်သင့်ပါသည်။
တာဝန်ရှိအာဏာပိုင်အဖွဲ့အစည်းများက ဤအရေးပေါ်အစီအစဉ် များကို ပြည်သူလူထုထံ ကျယ်ကျယ်ပြန့်ပြန့် အသိပေး ဆောင်ရွက်သင့်ပါ သည်။ တာဝန်ရှိအာဏာပိုင်အဖွဲ့အစည်းများက ဥပဒေနှင့်အညီ ထိုကဲ့သို့ အပြစ်ပေးအရေးယူနေပါလျက် နီးစပ်ရာလူစုအင်အားဖြင့် ယာဉ်မောင်း များနှင့် ယာဉ်နောက်လိုက်တို့ကို ၎င်းတို့စိတ်တိုင်းကျ အပြစ်ပေးသူများ အားလည်း အရေးပေါ်အစီအစဉ်အရ အလားတူပြစ်ဒဏ်ချမှတ် အရေးယူ သင့်ပါသည်။ အချုပ်အားဖြင့် တရားဥပဒေစိုးမိုးမှုနှင့် ပြည်သူလူထု၏ တည်ငြိမ်အေးချမ်း မှုကို ထိပါးသောလုပ်ရပ်မှန်သမျှအား အချိန်မဆိုင်း ထိထိရောက်ရောက် အပြစ်ပေးအရေးယူပေးပါရန် လေးစားစွာပန်ကြား တင်ပြအပ်ပါသည်။ ။

No comments:

Post a Comment