Thursday, December 29, 2016

၂ဝ၁၆ ခုနှစ်အတွင်း မြေထဲပင်လယ်ဖြတ်ကျော်ရွှေ့ပြောင်းဒုက္ခသည် တစ်နေ့လျှင် ၁၄ ဦးခန့် သေဆုံး



ဂျီနီဗာ ဒီဇင်ဘာ ၂၈

၂ဝ၁၆ ခုနှစ်တွင် မြေထဲပင်လယ်ကို ဖြတ်သန်းသွားသည့် ရွှေ့ပြောင်းသွားလာသူများသည် တစ်ရက်လျှင် ပျမ်းမျှ ၁၄ ဦးခန့် အသက်သေဆုံးခဲ့ကြောင်း၊ ယင်းအရေအတွက်မှာ အမြင့်ဆုံးစံချိန်တစ်ရပ်ဖြစ်ကြောင်း ကုလသမဂ္ဂပြောရေး ဆိုခွင့်ရုံးက ပြောကြားခဲ့သည်။
မြေထဲပင်လယ်အတွင်း၌ ၂ဝ၁၆ ခုနှစ်အတွင်း အသက် သေဆုံးခဲ့သည့် ရွှေ့ပြောင်းသွားလာသူပေါင်း ၅ဝဝဝ ထိရှိခဲ့ ကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ စာရင်းများအရ သိရသည်။ ရွှေ့ပြောင်းသွားလာသူဒုက္ခသည် များအတွက် ပြန်လည်အခြေချနေထိုင်ရေး၊ ပုဂ္ဂလိကအကူအညီ ပေးရေး၊ မိသားစုပြန်လည်ပေါင်းစည်းရေးနှင့် ပညာသင်ကြား ခွင့်ထောက်ပံ့ရေး အစီအစဉ်များကို အဆောတလျင် လုပ်ဆောင် ရန်လိုအပ်ကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီးရုံးက သတိပေးခဲ့သည်။
၂ဝ၁၅ ခုနှစ်၌ မြေထဲပင်လယ်ကို ဖြတ်ကျော်ခဲ့သူပေါင်း တစ်သန်း ကျော်ရှိပြီး ၄င်းတို့အနက် ၃၇၇၁ ဦး အသက် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

(ဆင်ဟွာ)

No comments:

Post a Comment