Saturday, December 31, 2016

ချောင်းသာကမ်းခြေ ဈေးသည်များ၊ ဥပဒေနှင့်အညီဈေးပြန်လည်ရောင်းချခွင့်ပြုရေး ဆန္ဒထုတ်ဖော်



Image may contain: 1 person, crowd and outdoor
ပုသိမ် ဒီဇင်ဘာ ၃ဝ
ချောင်းသာကမ်းခြေ ဈေးသည်များအား ဥပဒေနှင့်အညီ အမြန်ဆုံးဈေး ပြန်လည်ရောင်းချခွင့် သတ်မှတ်ပေးရေး ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ပွဲကို ဒီဇင်ဘာ ၃ဝ ရက် နံနက် ၉ နာရီခွဲက ပုသိမ်မြို့တော် ခန်းမရှေ့၌ ပြုလုပ်ကြောင်း သိရသည်။
ဆန္ဒထုတ်ဖော်ပွဲတွင် လူ ၂ဝဝ ခန့်ပါဝင်ခဲ့ပြီး မြို့တော်ခန်းမရှေ့မှ စတင်ထွက်ခွာရာ ရွှေမုဋ္ဌောဘုရားအား တစ်ပတ်ပတ်၍ မြို့တော်ခန်းမရှေ့ အရောက်တွင် ပြီးဆုံးကြောင်း သိရသည်။ အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို ချောင်းသာကမ်းခြေတွင် ဈေးသည်များအား ဖယ်ရှားခံရပြီး ရင်ဆိုင်ကြုံတွေ့ နေရသော မိသားစုဝင်များ၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အခက်အခဲများကို တာဝန်ရှိသူများ သိရှိစေရန်ရည်ရွယ်၍ ဆန္ဒထုတ်ဖော် ရခြင်းဖြစ်ပြီး၊ ငြိမ်း၊ စု၊ စီ ခွင့်ပြုချက်ဖြင့်ပြုလုပ်ကြောင်း သိရသည်။
မောင်မောင်မြင့်(ပြန်/ဆက်)

No comments:

Post a Comment