Saturday, December 31, 2016

ဆောင်းရာသီအအေးဒဏ်ကာကွယ်ရန် အနွေးထည်များ လှူဒါန်း

Image may contain: 9 people, people standing and indoor
မူဆယ် ဒီဇင်ဘာ ၃ဝ
ကမ္ဘောဇအနာဂတ်အလင်းတန်း မြန် မာဖောင်ဒေးရှင်းသည် မူဆယ်ခရိုင် အတွင်းရှိ ကြူကုတ်(ပန်ဆိုင်း)၊ မုံးကိုး နှင့် နမ့်ခမ်းဒေသများရှိ တိုက်ပွဲရှောင် ပြည်သူများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့် သက်ကြီးဘိုးဘွားများ အတွက် ဆောင်းရာသီအအေးဒဏ် ကာကွယ်နိုင်ရန် ခေါင်းစွပ်ပါအနွေး ထည် ၁၄ဝဝဝ ကျော်ကို ဒီဇင်ဘာ ၃ဝ ရက်က ဖောင်ဒေးရှင်းမှ တာဝန်ရှိ သူ ဦးသက်အောင်၊ ကမ္ဘောဇဘဏ် လီမိတက် မူဆယ်ဘဏ်ခွဲ(၁) တာဝန် ခံ ဒေါ်နန်းဖူးဖူးခိုင်နှင့် ဖောင်ဒေးရှင်း အဖွဲ့ဝင်များက သွားရောက်လှူဒါန်း ခဲ့ရာ မူဆယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဖိုးမြတ်နှင့် မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်းတို့က လက်ခံရယူခဲ့ကြောင်း သိရသည်။
လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ဦးကျော်ကျော်ထွန်းက ''မူဆယ်ခရိုင် အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ၊ ဒေသခံဘိုးဘွားများ၊ ပြည်သူများ အတွက် အနွေးထည်များ လှူဒါန်းသည့်အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း၊ ယခုကာလတွင် မူဆယ်၊ မုံးကိုးအစရှိသော ဒေသများသည် အလွန်အေးသည့် အချိန်ဖြစ်သည့် အတွက် ယခုလှူဒါန်းသော အနွေး ထည်များသည် တန်ဖိုးမဖြတ်နိုင်သည့် လှူဒါန်းမှု တစ်ခုပင်ဖြစ်ကြောင်း၊ လှူဒါန်းမှုအတွက်လည်း တိုက်ပွဲရှောင်ပြည်သူများနှင့် ဒေသခံ ပြည်သူတွေကိုယ်စား အထူးကျေးဇူး တင်ရှိပါကြောင်း၊ လှူဒါန်းမှုအခမ်း အနားကို မူဆယ်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များပါ စုံညီစွာ တက်ရောက်သည့်အတွက်လည်း ဒေသခံပြည်သူတွေကိုယ်စား အထူး ကျေးဇူးတင်ရှိပါကြောင်း'' ပြောကြားသည်။
ဖောင်ဒေးရှင်းအနေဖြင့် မူဆယ် ဒေသသို့ အနွေးထည် လှူဒါန်းမှုသည် ဒုတိယအကြိမ် လှူဒါန်းခြင်းဖြစ်ပြီး ပထမအကြိမ် ကလည်းလှူဒါန်းခဲ့ပြီး ဖြစ်သည်။ အလားတူ ဖောင်ဒေးရှင်းသည် ဒီဇင်ဘာ ၂၇ ရက်က ချင်းပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများ အတွက် ခေါင်းစွပ်ပါအနွေးထည် ၂ဝဝဝဝ ကို ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်းလွယ်ထံ ဖောင်ဒေး ရှင်းမှ တာဝန်ရှိသူ ဦးခင်မောင်ထွေး နှင့် ဖောင်ဒေးရှင်းအဖွဲ့ဝင်များက သွားရောက် လှူဒါန်းခဲ့သည်။
ထို့အပြင် ဖောင်ဒေးရှင်းသည် နွေရာသီတွင် ရေရှားပါးမှုကြောင့် ရေတွင်း၊ ရေကန်များတူးဖော်ပေးခြင်း၊ ရေဘောက်ဆာကားကြီးများ လှူဒါန်းပေးခြင်း၊ မီးဘေးဒုက္ခကြုံတွေ့ခဲ့ရသော ဒေသခံပြည်သူများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ကုန်များလှူဒါန်း ခြင်း၊ မိုးရာသီတွင် ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်ပြည်သူများအတွက် ထမင်းထုပ်များနှင့် စားသောက်ကုန်ပစ္စည်းများ၊ ထောက်ပံ့ငွေများလှူဒါန်းခြင်း၊ ဆောင်းရာသီတွင် အအေးလွန်ကဲနိုင်သော ဒေသများအတွက် အအေးဒဏ် ကာကွယ်နိုင်ရန် ခေါင်းစွပ်ပါအနွေး ထည် ၂ဝ၅ဝဝဝ ကို လှူဒါန်းခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။
ဖောင်ဒေး ရှင်းအနေဖြင့် မြန်မာနိုင်ငံအနှံ့အပြား ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေး၊ သဘာဝဘေးအန္တရာယ်အမျိုးမျိုး အစရှိသည့် ကဏ္ဍမျိုးစုံတို့အတွက် ယနေ့အချိန်အထိ လှူဒါန်းငွေ (၁၁ဝ ဒသမ ၆၈၂) ဘီလီယံကို လှူဒါန်းခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
(ဝ၁ဝ)

No comments:

Post a Comment