Tuesday, December 27, 2016

နိုင်ငံခြားငွေလဲလှယ်နှုန်းဆိုင်ရာများ ဆက်လက်ဆွေးနွေး



 
 
နေပြည်တော် ဒီဇင်ဘာ ၂၆

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့ ပူးပေါင်းကျင်းပသည့် နိုင်ငံခြားငွေလဲလှယ်နှုန်းဆိုင်ရာ ကိစ္စရပ်များအတွက် ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးအားယနေ့ ညနေ ၃ နာရီတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့မှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြသည်။

ယင်းသို့ဆွေးနွေးရာတွင် ပို့ကုန်ရငွေများခြောက်လအတွင်း ပြန်လည်ဝင်ရောက်မှု ရှိ၊ မရှိ စိစစ်မှုကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် နှင့် အကောက်ခွန်ဦးစီးဌာနတို့ ဆက်လက်၍ ချိတ်ဆက်ဆောင်ရွက်ရန်ကိစ္စ၊ နေ့စဉ်ရည်ညွှန်းနိုင်ငံခြားငွေလဲလှယ်နှုန်း သတ်မှတ် ပေးသည့် စနစ်အား ယခုထက်ပိုမိုထိရောက်ကောင်းမွန်သည့်စနစ်ဖြင့် သတ်မှတ်နိုင်ရေးသုံးသပ်ဆောင်ရွက်ရန်ကိစ္စ၊ ပြည်ပနိုင်ငံ များတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများထံမှ နိုင်ငံခြားငွေများပြန်လည် ဝင်ရောက်လာရေး နည်းလမ်းရှာဖွေဆောင်ရွက်ရန် ကိစ္စ၊ တရားမဝင်ကုန်သွယ်မှုလုပ်ငန်းများ လျော့နည်းစေရေးကြပ်မတ်ဆောင်ရွက်ရန်ကိစ္စနှင့် အပတ်စဉ် ပူးပေါင်းညှိနှိုင်းဆွေးနွေးပွဲမှ ဆုံးဖြတ်ချက်များအပေါ် သက်ဆိုင်ရာဌာနများအလိုက် အချိတ်အဆက်မိမိ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကိစ္စများကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment