Tuesday, December 27, 2016

တရုတ်ကို တစ်ပတ်ပေါင် လေးသိန်းနဲ့ သွားရောက်ကစားတော့မယ့် အော်စကာ

Image may contain: 1 person, smiling, standing

ကောင်းမြးတ်သူ-စုစည်းသည်

ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်ကစားသမား ဘရာဇီးသား အော်စကာကို တရုတ်ကလပ် ရှန်ဟိုင်းSIPG ထံ ပေါင် ၅၂ သန်းနဲ့ရောင်းချဖို့ သဘောတူလိုက်ပြီဖြစ်ပါတယ်။ ဒီဈေးနှုန်းကြောင့် အော်စကာဟာ တရုတ်စူပါလိဂ်ကလပ်တွေက ဝယ်ယူခဲ့တဲ့ ကစား သမားတွေထဲက ဈေးအကြီးဆုံးကစားသမားတစ်ဦး ဖြစ်လာပါတယ်။ နည်းပြကွန်တီ လက်ထက်မှာ အော်စကာဟာ ချယ်လ်ဆီးမှာ မျက်နှာသာပေးခံရတဲ့ ကစားသမား အဖြစ်ကနေ ကျဆင်းသွားခဲ့ပြီး ဒီနှစ်ထဲမှာတော့ ချယ်လ်ဆီးနဲ့အတူ ၁၁ ပွဲ ပါဝင်ကစားခွင့် ရခဲ့ပေမယ့်ပွဲအစမှာ ကစားခွင့်ရခြင်းမရှိခဲ့ပါဘူး။ အော်စကာဟာ ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ရှန်ဟိုင်းSIPG နည်းပြ ဗီးလပ်စ်ဘို့စ်နဲ့ သွားရောက်ဆက်သွယ် မှာဖြစ်ပါတယ်။

အော်စကာအနေနဲ့ တရုတ်ကလပ်မှာ တစ်ပတ်လုပ်ခလစာအဖြစ် ပေါင်လေးသိန်း အထိ ရရှိလိမ့်မယ်လို့ ဆိုပါတယ်။ ဘရာဇီးသား တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ Hulk ဟာ ဇီးနစ်စိန့်ပီတာစဘက်အသင်းကနေ ပြီးခဲ့တဲ့ဇွန်လက တရုတ်ကလပ်ကို ရောက်ရှိချိန်မှာ ပေါင် ၃၂ဝဝဝဝ ရရှိနေပါတယ်။ အော်စကာ ရောက်လာရင်တော့ သူ့ရဲ့လုပ်ခလစာဟာ တရုတ်ရောက် ကစားသမားတွေထဲမှာ အမြင့်ဆုံးဖြစ်လာနိုင်ဖွယ်ရှိပါတယ်။

No comments:

Post a Comment