Tuesday, December 27, 2016

၂ဝ၁၆ တစ်နှစ်တာ အကောင်းဆုံးအားကစားသမားဆု ရရှိသူများ

Image may contain: 1 person, playing a sport and tennis

မိုးမြင့်လင်းလက်

၂ဝ၁၆ ခုနစ် ကုန်ဆုံးဖို့ရက် တဖြည်းဖြည်းနီးကပ်လာပြီဖြစ်ပါတယ်။ နှစ်တစ်နှစ်ကုန်တိုင်း နိုင်ငံအလိုက် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုနဲ့ အကောင်းဆုံးဘောလုံးသမားဆုတွေ ရွေးချယ်ချီးမြှင့်ဂုဏ်ပြုကြလေ့ရှိပါတယ်။ နိုင်ငံအတွက် အားကစားနဲ့ အကျိုးပြုနိုင်သူတွေနဲ့ ထူးချွန်တဲ့ စွမ်းဆောင် မှုတွေကို နိုင်ငံအလိုက် ရွေးချယ်ဂုဏ်ပြုကြတာဖြစ်လို့ ဂုဏ်ပြုရွေးချယ်ခံရတဲ့ ကစားသမားအတွက်ကလည်း ဂုဏ်ယူစရာဖြစ်ပါတယ်။ ထို့ကြောင့် ၂ဝ၁၆ ခုနှစ်အတွက် တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုနဲ့ အကောင်းဆုံးကစားသမားဆု ရွေးချယ်ခံရသူများကို စုစည်းဖော်ပြလိုက်ပါတယ်။

အန်ဂျယ်လီခါဘာ
ဂျာမန်နိုင်ငံရဲ့ တစ်နှစ်တာအကောင်းဆုံး အမျိုးသမီးအားကစားသမားဆုကို က္ဘာ့ နံပါတ်(၁) တင်းနစ်မယ် အန်ဂျယ်လီခါဘာ ရွေးချယ်ခံရပါတယ်။ ခါဘာအတွက် ပထမ ဆုံးအကြိမ်ရွေးချယ်ခြင်းခံရတာဖြစ်ပြီး ဂျာမန်နိုင်ငံရဲ့ တစ်နှစ်တာအကောင်းဆုံးအမျိုး သားအားကစားသမားဆုကို ကျွမ်းဘားကစားသမား ဟမ်ဘူချန်က ဆွတ်ခူးရရှိပါ တယ်။ ဟမ်ဘူချန်ဟာ အိုလံပစ်ရွှေတံဆိပ်ဆုရှင်ဖြစ်ပြီး ၂ဝ၁၆ ခုနှစ်မှာ အားကစားနဲ့ နိုင်ငံကို အကျိုးပြုခဲ့သူဖြစ်ပါတယ်။

မစ်ခီတာရီယန်
အာမေးနီးယားနိုင်ငံရဲ့ ၂ဝ၁၆ ခုနှစ် တစ်နှစ်တာအကောင်းဆုံးကစားသမား ဆုကို မန်ယူအသင်းနဲ့ အာမေးနီးယားလက်ရွေးစင်ကွင်းလယ်ကစားသမား မစ်ခီတာရီယန် ရွေးချယ်ခြင်းခံရပါတယ်။ မစ်ခီတာရီယန်ဟာ တစ်နှစ်တာအကောင်းဆုံး ကစားသမား ဆုကို ခုနစ်နှစ်ဆက်တိုက် ဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။ မစ်ခီတာရီယန်ဟာ စပါး အသင်းကို တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ တစ်ဂိုးသွင်းယူနိုင်ခဲ့လို့ ပရီမီယာလိဂ်မှာ ပထမဆုံးဂိုးသွင်းနိုင်တဲ့ အာမေးနီးယားဘောလုံးသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့သူ ဖြစ်ပါတယ်။
အူစိန်ဘော့နှင့် အာယာနာ
နိုင်ငံတကာပြေးခုန်ပစ်အဖွဲ့ချုပ်ရဲ့ ၂ဝ၁၆ ခုနှစ် တစ်နှစ်တာအကောင်းဆုံး အမျိုး သား အားကစားသမားဆုကို အပြေးချန်ပီယံ တာတိုဘုရင် အူစိန်ဘော့နှင့် အကောင်း ဆုံး အမျိုးသမီးအားကစားသမားဆုကို အီသီယိုပီးယားနိုင်ငံမှ အပြေးမယ် အယ်မက်ဇ် အာယာနာတို့ ရွေးချယ်ခြင်းခံခဲ့ရပါတယ်။

ဂရေ့ဇ်မန်း
ပြင်သစ်နိုင်ငံရဲ့ ၂ဝ၁၆ ခုနှစ်တစ်နှစ်တာ အကောင်းဆုံးဘောလုံးသမားဆုကို ပြင်သစ် လက်ရွေးစင်နှင့် အက်သလက်တီကိုအသင်းမှ တိုက်စစ်မှူး ဂရေ့ဇ်မန်း ရွေးချယ်ခံခဲ့ရ ပါတယ်။ အသက် ၂၅ နှစ်အရွယ်ရှိတဲ့ ဂရေ့ဇ်မန်းဟာ တစ်နှစ်တာအကောင်းဆုံးဆုကို ပထမဆုံးအကြိမ် ရွေးချယ်ခြင်းခံရတာဖြစ်ပါတယ်။ ဂရေ့ဇ်မန်းဟာ နိုင်ငံအသင်းနဲ့ ကလပ်အသင်းအတွက် ၆၆ ပွဲကစားပြီး ၃၆ ဂိုး သွင်းနိုင်ခဲ့သူဖြစ်ပါတယ်။
ဗီဒယ်
ချီလီနိုင်ငံရဲ့ ၂ဝ၁၆ ခုနှစ် တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို ချီလီ နိုင်ငံလက်ရွေးစင်နဲ့ ဘိုင်ယန်မြူးနစ်ကွင်းလယ်ကစားသမား ဗီဒယ်ရွေးချယ်ခြင်းခံခဲ့ရ ပါတယ်။ အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဗီဒယ်ဟာ ချီလီလက်ရွေးစင်အသင်းဖော် ဆန်းချက်ဇ်ကို ကျော်ဖြတ်ပြီး အခုလိုရွေးချယ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။
တာဒစ်

ဆားဘီးယားနိုင်ငံရဲ့ ၂ဝ၁၆ ခုနှစ် တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆု ကို ဆာဘီးယားနိုင်ငံ လက်ရွေးစင်နဲ့ ဆောက်သမ်တန်အသင်းတောင်ပံကစားသမား တာဒစ်ရွေးချယ်ခံရပါတယ်။ အသက် ၂၈ နှစ်အရွယ်ရှိ တာဒစ်ဟာ ၂ဝ၁၈ ကမ္ဘာ့ ဖလားခြေစစ်ပွဲများမှာ ခြေစွမ်းပြနိုင်ခဲ့သူဖြစ်ပြီး ကစားဖော်အီဗန်နိုဗစ်နဲ့ မာတင်တို့ကို ကျော်ဖြတ်ပြီး ရွေးချယ်ခံရသူဖြစ်ပါတယ်။

အင်ဒီမာရေး
ဘီဘီစီရဲ့ တစ်နှစ်တာအကောင်းဆုံးအားကစားဆိုင်ရာ ထူးချွန်ဆုကို ဗြိတိန်နိုင်ငံ ရဲ့ တင်းနစ်ကစားသမား အင်ဒီမာရေး ရွေးချယ်ခံခဲ့ရပါတယ်။ အင်ဒီမာရေးဟာ ၂ဝ၁၃ ခုနှစ်နဲ့ ၂ဝ၁၅ ခုနှစ်တို့ကလည်း အခုလို အကောင်းဆုံးဆု ရွေးချယ်ခံခဲ့ရတာမို့ အခု ဟာ သုံးကြိမ်မြောက် ဖြစ်ပါတယ်။ အင်ဒီမာရေးဟာ သုံးမျိုးချန်ပီယံ အယ်လစ္စတာ ဘရောင်းလီနဲ့ မြင်းစီးအလှချန်ပီယံ နစ်ခ်စကယ်လ်တန်တို့ကို ကျော်ဖြတ်ပြီး ရွေး ချယ်ခံရတာဖြစ်ပါတယ်။

No comments:

Post a Comment