Wednesday, December 28, 2016

အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်း၏ဇနီး ဒေါ်ခင်ကြည်ကွယ်လွန်ခြင်း ၂၈ နှစ်ပြည့် နှစ်ပတ်လည်ဆွမ်းကျွေးအလှူနှင့် ဘာသာပေါင်းစုံဆုတောင်းပွဲကျင်းပ


 




ရန်ကုန် ဒီဇင်ဘာ ၂၇ 

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး ဒေါ်ခင်ကြည်ကွယ်လွန်ခြင်း ၂၈ နှစ်ပြည့် နှစ်ပတ်လည်ဆွမ်းကျွေးအလှူကို ယနေ့နံနက် ၁ဝ နာရီက ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းအမှတ် ၅၄ ရှိ သမီးဖြစ်သူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌ပြုလုပ်ခဲ့သည်။
နှစ်ပတ်လည်ဆွမ်းကျွေးအလှူတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မိခင်ကြီး ဒေါ်ခင်ကြည်အားရည်စူး၍ သံဃာတော် ၁၅ ပါးအား ပင့်ဖိတ်ကာ ဆွမ်းနှင့်သင်္ကန်းများ ဆက်ကပ်လှူဒါန်းပြီး အနုမောဒနာတရားနာယူသည်။
ဆုတောင်းမေတ္တာများပို့သ
မွန်းလွဲပိုင်းတွင် ဘာသာပေါင်းစုံမှဘာသာရေးခေါင်းဆောင်များက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏မိခင်ကြီး ဒေါ်ခင်ကြည်အတွက် ဘာသာ အလိုက် အောက်မေ့ဖွယ်ရာဆုတောင်းမေတ္တာများပို့သကြသည်။
ဘာသာပေါင်းစုံဆုတောင်းခြင်းအခမ်းအနားတွင် ဟိန္ဒူဘာသာ၊ ခရစ်ယာန် ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဂျူးဘာသာ၊ ဘဟာအီဘာသာတို့မှ ဘာသာရေး ခေါင်းဆောင်များက မေတ္တာစကားပြောကြားခြင်းနှင့် ဆုတောင်းမေတ္တာပို့သခြင်းများ ကိုလည်း ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။ (သတင်းစဉ်)

No comments:

Post a Comment