Wednesday, December 28, 2016

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ ဘရာဇီးနှင့် ဆော်ဒီအာရေဗျ ဘုရင့်နိုင်ငံ သံအမတ်ကြီးများ ခန့်အပ်လွှာပေးအပ်



နေပြည်တော် ဒီဇင်ဘာ ၂၇

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ မြန်မာ နိုင်ငံဆိုင်ရာ ဘရာဇီးနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန်သဘောတူညီပြီးဖြစ်သော မစ္စတာ အန်တိုနီယို ဟိုဆေး မာရီယာ ဒီ ဆိုဇာ အီ ဆစ်လ်ဗာသည် ယနေ့နံနက် ၁ဝ နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော်၌ ၄င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။
ထို့ပြင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျဘုရင့်နိုင်ငံ သံအမတ် ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီး ဖြစ်သော မစ္စတာ ဆာဟဲ လဲ မူစတာဖာ အာမက် အာဂျီစပ်သည် နံနက် ၁ဝ နာရီ ၃၅ မိနစ်တွင် ၄င်း၏ သံအမတ် ခန့်အပ် လွှာကို ပေးအပ်ခဲ့သည်။
သံအမတ်ခန့်အပ်လွှာ ပေးအပ်ပွဲ များသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်တင်နှင့် သံတမန်ရေးရာ ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကို ကိုနိုင်တို့ တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment