Wednesday, December 28, 2016

ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၃) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ





နေပြည်တော် ဒီဇင်ဘာ ၂၇

တပ်မတော်(ကြည်း) ဗိုလ်သင်တန်း ကျောင်း(မှော်ဘီ) ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၃) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်း အနားကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန် မြို့ တပ်မတော်(ကြည်း) ဗိုလ်သင်တန်း ကျောင်း (မှော်ဘီ) စစ်ရေးပြကွင်း၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာ သရေ စည်သူ မင်းအောင်လှိုင် တက်ရောက် မိန့်ခွန်းပြောကြားသည်။
အခမ်းအနားတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် ဗိုလ်လောင်း တပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီး ဗိုလ်လောင်းတပ်ခွဲများကို စစ်ဆေးသည်။
ထို့နောက် ဗိုလ်လောင်းတပ်ခွဲများက အနှေးလျှောက်၊ အမြန်လျှောက်တို့ဖြင့် ချီတက်အလေးပြုကြသည်။

ယင်းနောက် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ဘွဲ့ရ အမျိုးသမီး ဗိုလ်လောင်းသင်တန်းမှ အကောင်းဆုံး ဗိုလ်လောင်းဆုရရှိသူ ဗိုလ်လောင်းဝတ်ရည်အောင်နှင့် သေနတ် ပစ်အကောင်းဆုံးဆုရဗိုလ်လောင်း အြိာ အောင်ကျော်တို့အား ဆုများပေးအပ် ချီးမြှင့်သည်။
ဆက်လက်၍ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က သင်တန်းဆင်း ဗိုလ်လောင်းများအား မိန့်ခွန်းပြောကြား ပြီး ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြု ခြင်းကိုခံယူကာ စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသွားသည်။

စစ်ရေးပြ အခမ်းအနားအပြီးတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ရိပ်သာဧည့်ခန်းမ၌ အကောင်း ဆုံး ဗိုလ်လောင်းဆုရ ဗိုလ်လောင်း ဝတ်ရည်အောင်၊ သေနတ်ပစ်အကောင်း ဆုံးဆုရ ဗိုလ်လောင်းအြိာအောင်ကျော် နှင့် ¤င်းတို့၏မိဘများအားတွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။
ညနေပိုင်းတွင် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ဘွဲ့ရ အမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ် စဉ် (၃) သင်တန်းဆင်းဂုဏ်ပြု ညစာ စားပွဲသို့ တက်ရောက်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် မွန်းလွဲပိုင်းက မှော်ဘီမြို့နယ် အောက်ဝါးနက်ချောင်း ကျေးရွာ ဓမ္မဒူတဇေတဝန်တောရ ဆေကိန္ဒာရာမ ကျောင်းတိုက်၌ ဖွင့်လှစ် လျက်ရှိသော (၂၃)ကြိမ်မြောက် ဓမ္မဒူတ ယဉ်ကျေးလိမ္မာ သင်တန်းအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစု များက ဆွမ်းဆန်တော်များနှင့် အလှူငွေ ပေးအပ်လှူဒါန်းပွဲသို့ တက်ရောက်ပြီး ဆရာတော် ဓမ္မဒူတအရှင် ဆေကိန္ဒထံ လှူဖွယ်ပစ္စည်းများ၊ ဆွမ်းဆန်တော် ၂ဝ အိတ်နှင့် အလှူငွေ$ကျပ်သိန်း ၂ဝ တို့အား ဆက်ကပ်လှူဒါန်းကာ တက်ရောက်လာ ကြသူများက သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။ (သတင်းစဉ်)

No comments:

Post a Comment