Thursday, December 29, 2016

အပြည်ပြည်ဆိုင်ရာကရိသှ်ျဏအနုဿတိအသင်းနှစ် ၅ဝ ပြည့် ရွှေရတုသဘင်ပွဲတော်နှင့် ၂ဝ၁၇ နှစ်သစ်ကို မေတ္တာဖြင့်ကြိုဆိုခြင်းအခမ်းအနားကျင်းပ


Image may contain: 1 person
ရန်ကုန် ဒီဇင်ဘာ ၂၈

အပြည်ပြည်ဆိုင်ရာကရိ သှ်ျဏအနုဿတိ အသင်း (ISKCON))နှစ် ၅ဝ ပြည့် ရွှေရတုသဘင်ပွဲတော်နှင့် ၂ဝ၁၇ နှစ်သစ် အား မေတ္တာဖြင့်ကြိုဆိုခြင်းအခမ်းအနား ကို ယမန်နေ့ ည ၇ နာရီတွင် ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်၌ ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကို တက်ရောက်အမှာစကား ပြောကြားသည်။ (အောက်ဝဲပုံ)
အခမ်းအနားတွင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်နာယက သူရဦးတင်ဦးက အပြည်ပြည်ဆိုင်ရာ ကရိသှ်ျဏအနုဿတိ အသင်း တည်ထောင်သူ ဆရာတော်ကြီး အေစီဘ(က်)သီးဝေဒါးန်သဆွာမိပရ ဘူးပါးဒ်၏ ပုံတူရုပ်တုကို ပန်းကုံးစွပ် ဂါရဝပြုပြီး အမှာစကားပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အပြည်ပြည် ဆိုင်ရာ ကရိသှ်ျဏအနုဿတိအသင်း တည်ထောင်သူ ဆရာတော်ကြီး အေစီ ဘ(က်)သီး ဝေဒါးန်သဆွာမိပရဘူးပါးဒ်၏ ပုံတူရုပ်တုကို ပန်းကုံးစွပ်ဂါရဝပြုပြီး အမှာစကားပြောကြားသည်။
ဆက်လက်ပြီး အပြည်ပြည်ဆိုင်ရာ ကရိသှ်ျဏအနုဿတိအသင်း(မြန်မာ)မှဦးဆောင်ဆရာတော်က အပြည်ပြည် ဆိုင်ရာ ကရိသှ်ျဏအနုဿတိအသင်း ဖြစ်ပေါ်လာပုံနှင့် မေတ္တာအကြောင်း ရှင်းလင်းပြောကြားသည်။
အပြည်ပြည်ဆိုင်ရာ ကရိသှ်ျဏ အနုဿတိအသင်း တည်ထောင်သူ ဆရာတော်ကြီးသည် ၁၉၆၆ခုနှစ် ဇူလိုင် ၁၃ ရက်တွင် နယူးယောက်မြို့၌ အပြည် ပြည်ဆိုင်ရာ ကရိသှ်ျဏအနုဿတိ အသင်းကို စတင်တည်ထောင်ပြီး သာသနာပြုခဲ့သည်။ ဆရာတော်ကြီး အေစီဘ(က်)သီးဝေဒါးန်သဆွာမိပရ ဘူးပါးဒ် သာသနာပြုခဲ့သည့် ၁၁ နှစ် တာကာလအတွင်း ကျမ်းစာအုပ်ပေါင်း အတွဲ ၆ဝ ကျော်ကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားပြုစုပြီး ဘာသာပေါင်း ၅ဝ ကျော် ပြန်ဆိုခဲ့ကြောင်း၊ တက္ကသိုလ်များတွင် လည်း ဘွဲ့လွန်ကျောင်းသားများအတွက် ကျောင်းသုံးစာအုပ်အဖြစ် ပြဋ္ဌာန်းခဲ့ ကြောင်း၊ အသင်းခွဲဘုရားကျောင်း ပေါင်း ၁ဝ၈ကျောင်း တည်ထောင်ပြီး သာသနာပြုခဲ့ကြောင်း ကရိသှ်ျဏအနု ဿတိအသင်း မှတ်တမ်းများအရ သိရ သည်။
ကရိသှ်ျဏအနုဿတိ အသင်းကြီး ကို ၁၉၉၃ခုနှစ်တွင် ဆရာတော်ကြီး၏ တပည့်ဖြစ်သူ ရှရီဝါးစ်ပဏ္ဍိသ်ပရဘူး က မြန်မာနိုင်ငံတွင် တည်ထောင်ခဲ့ပြီး ယခု အခါ မြို့ကြီး ၁ဝ မြို့၌ အသင်းခွဲ များ တည်ထောင်ကာ သာသနာပြု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း-မင်းသစ်(သတင်းစဉ်)
ဓာတ်ပုံ-ဇော်မင်းလတ်

No comments:

Post a Comment