Thursday, December 29, 2016

ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးနှင့် တည်ငြိမ်မှုအခြေအနေ၊တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ သက်ဆိုင်ရာပြည်နယ်အစိုးရနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနေမှုအခြေအနေများ ဆွေးနွေး


Image may contain: 3 people, people sitting, table and indoor
 နေပြည်တော် ဒီဇင်ဘာ ၂၈

ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်နိုင်ငံသံအမတ် ကြီး H.E.Mr. Olivier RICHARD အား ယမန်နေ့နံနက်၉နာရီခွဲက နေပြည် တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမ ဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးနှင့် တည်ငြိမ်မှုအခြေအနေ၊ တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ မှ သက်ဆိုင်ရာ ပြည်နယ်အစိုးရနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးနေမှု အခြေအနေ၊ လုံခြုံရေးနှင့်ဆက်စပ် လျက် လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့များ ဆောင်ရွက်ပေးနေမှု အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment