Thursday, December 29, 2016

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့က သဘောတူချမှတ်ထားသော ဦးစားပေးကဏ္ဍကြီးများနှင့် ညီညွတ်မှုရှိရမည်



Image may contain: 1 person 
 Image may contain: 5 people, people sitting and indoor
 နေပြည်တော် ဒီဇင်ဘာ ၂၈ 

ရန်ပုံငွေလုံလောက်မှုမရှိ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ထိခိုက်စေခြင်းမျိုးမဖြစ်ရန် လိုအပ်သကဲ့သို့ မလိုအပ်ဘဲ အပိုကုန်ကျမှုများမရှိရန်လည်းလိုအပ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ပြောကြားသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရန်ပုံငွေကို နိုင်ငံတော်အစိုးရတစ်ခုတည်းက ပိုင်ဆိုင်ခြင်း၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) က ပိုင်ဆိုင်ခြင်း မဟုတ်ကြောင်း၊ နိုင်ငံသူ နိုင်ငံသားအားလုံး က ပိုင်ဆိုင်ခြင်းဖြစ်ကြောင်း၊ အလှူရှင်များက လှူဒါန်းပြီးသည့်နောက်တွင် ပြည်သူပိုင်ဖြစ်သွားပြီဖြစ် ကြောင်း၊ ထိုရန်ပုံငွေများကို စိစစ်ရာတွင်လည်း မည်သည့်အတွက်ကြောင့် သုံးစွဲရသည်၊ မည်သည့်နေရာများတွင် သုံးစွဲရသည်ကို ယခုပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့က သဘောတူညီရန် လိုအပ်သကဲ့သို့ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုရှိရန်လိုအပ်ပါကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (Joint Coordinating Body for Peace Process Funding-JCB) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၌ကျင်းပရာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရန်ပုံငွေပေါင်းစပ် ညှိနှိုင်းရေး လုပ်ငန်းစဉ်သည် အထူးအရေးကြီး ကြောင်း၊ နိုင်ငံတကာက ထောက်ပံ့သည် ဖြစ်စေ၊ ပြည်တွင်းအလှူရှင်များက ထည့်ဝင်လှူဒါန်းသည်ဖြစ်စေ နိုင်ငံသူ နိုင်ငံသားများကို လှူဒါန်းခြင်းဖြစ် ကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံ ငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့က သဘောတူချမှတ်ထားသော ဦးစားပေး ကဏ္ဍကြီးများနှင့် ညီညွတ်မှုရှိရမည် ဖြစ် ကြောင်း၊ အဖွဲ့အစည်းတစ်ဖွဲ့ချင်း၏ ရန်ပုံ ငွေကိစ္စမှာ ယင်းတို့ အဖွဲ့အစည်းများနှင့် သာ သက်ဆိုင်ပြီး မိမိတို့ JCB အဖွဲ့မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဆက်စပ် ပတ်သက်သည့် ရန်ပုံငွေကိစ္စရပ်များ ကိုသာ ဆွေးနွေးညှိနှိုင်းမည်ဖြစ်ကြောင်း ပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်း ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုး ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင်၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ အမျိုးသားလွှတ်တော်၊ တိုင်းရင်းသား ရေးရာကော်မတီဥက္ကဋ္ဌ ဒေါ်ရှီလာနန် တောင်၊ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးစောတင်ဝင်း၊NCAလက်မှတ် ရေးထိုးထားပြီးဖြစ်သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ကိုယ်စား ပဒိုစောကွယ်ထူးဝင်း ( KNU အထွေထွေ အတွင်းရေးမှူး)၊ ဦးစိုင်းလျန်း (RCSS-SSA၊ ဆလိုင်းထလာဟေး (CNF အထွေထွေအတွင်းရေးမှူး)၊ ဦးမျိုးဝင်း (ABSDF) နှင့် NCA လက်မှတ်ရေးထိုး ခြင်းမရှိသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ဦးစံလော (''ဝ'' အထူးဒေသ(၂)၊ ပြည်ပ ဆက်ဆံရေးဌာနမှူး) နှင့် ဦးခမ်းမောင် (အထူးဒေသ(၄)မိုင်းလား၊ ငြိမ်းချမ်းရေး နှင့် စည်းလုံးရေးကော်မတီ) တို့ တက် ရောက်ကြသည်။
အစည်းအဝေးတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (Nationwide Ceasefire Agreement-NCA) လက်မှတ်ရေးထိုး ထားပြီးဖြစ်သည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာအစီအစဉ် များ၊ အတည်ပြုထားပြီးဖြစ်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (JCB) ၏ တာဝန်နှင့် ဝတ္တရားများကိုအခြေခံ၍ လုပ်ငန်းအဖွဲ့များ၊ ရုံးအဖွဲ့များဖွဲ့စည်း ထားရှိဆောင်ရွက်ရေး၊ JCB ၏ လုပ်ငန်း လမ်းညွှန်နှင့် လုပ်ထုံးလုပ်နည်းများရေးဆွဲ အတည်ပြုရေး၊ လတ်တလောလိုအပ်ချက် များကို အလေးပေးခွင့်ပြုနိုင်ရေး စသည် တို့ကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိ သည်။

(သတင်းစဉ်)

No comments:

Post a Comment