Saturday, December 3, 2016

ကမ္ဘာ့အဆင့်မီတိုက်စစ်မှူးဖြစ်လာမည့် ဘန်ဝုဒ်ဘန်း


ကောင်းမြတ်သူ-စုစည်းသည်

လီဗာပူးအသင်းမှ လူငယ်ကစားသမားဘန်ဝုဒ်ဘန်းသည် လီဗာပူးအသင်းတွင် အားထားရမည့် တိုက်စစ်မှူးတစ်ဦး ဖြစ်လာမည့်အပြင် က္ဘာ့အဆင့်တိုက်စစ်မှူး တစ်ဦးလည်း ဖြစ်လာမည်ဟု လီဗာပူးနည်းပြ ကလော့ပ်က ထုတ်ဖော်ချီးကျူးလိုက် သည်။
လူငယ်ကစားသမားတွေထဲမှာ ထူးချွန်တဲ့ တိုက်စစ်မှူးတစ်ဦးပါပဲ။ အတွေ့အကြုံနဲ့ သင်ယူမှုတွေ ပေါင်းစပ်နိုင်ရင်တော့ ထူးချွန်တဲ့ က္ဘာ့အဆင့်မီတိုက်စစ်မှူးတစ်ဦး အဖြစ် ရောက်ရှိလာမှာ သေချာပါတယ်''ဟု ၄င်းက ပြောကြားသည်။
လူငယ်တိုက်စစ်မှူး ဘန်ဝုဒ်ဘန်းသည် လီဗာပူးနှင့် လိဒ်ယူနိုက်တက်တို့ ကစားခဲ့ သည့် လိဂ်ဖလား ကွာတားဖိုင်နယ်၌ ဂိုးသွင်းယူနိုင်ခဲ့ရာ လီဗာပူးအသင်းသမိုင်းတွင် အသက်အငယ်ဆုံး ဂိုးသွင်းယူနိုင်သည့် တိုက်စစ်မှူးအဖြစ် စံချိန်တင်နိုင်ခဲ့သည်။ ဂိုးသွင်းယူနိုင်ချိန်တွင် ဘန်ဝုဒ်ဘန်းမှာ အသက် ၁၇ နှစ်နှင့် ၄၅ ရက်သာ ရှိသေးသည်။

လီဗာပူးအသင်းတွင် အသက်အငယ်ဆုံး ဂိုးသွင်းယူနိုင်သည့် တိုက်စစ်မှူးအဖြစ် ၁၉၉၇ ခုနှစ်က စံချိန်တင်ထားသည့် တိုက်စစ်မှူး မိုက်ကယ်အိုဝင်၏ စံချိန်ကို ဘန်ဝုဒ် ဘန်းက ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်သည်။ ဘန်ဝုဒ်ဘန်းသည် လီဗာပူးအသင်းတွင် နှစ်ပွဲသာ ပါဝင်ကစားခွင့်ရခဲ့ပြီး တစ်ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
ဝေးလ်နိုင်ငံသား ဘန်ဝုဒ်ဘန်းသည် အသက် ခုနစ်နှစ်ကပင် လီဗာပူး လူငယ် အကယ်ဒမီသို့ ရောက်ရှိခဲ့သူဖြစ်ပြီး ယခုအခါ လီဗာပူး အသင်းကြီးအတွက် ပုံမှန် ကစားခွင့်ရရန် အခြေအနေကောင်းလျက်ရှိသည်။

No comments:

Post a Comment