Saturday, December 3, 2016

မက်ဆီနဲ့ ဒိုလေးတို့ အားပြိုင်မယ့် လာလီဂါပွဲစဉ် (၁၄)



မိုးမြင့်လင်းလက်

ဒီတစ်ပတ်ရဲ့ လာလီဂါပွဲစဉ် (၁၄) ကို ဒီဇင်ဘာ ၃ ရက် နဲ့ ၄ ရက်တွေမှာ ဆက်လက် ကစားမှာဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ ပရိသတ် စိတ်ဝင်စားမှုမြင့်တက်စေမယ့် ပွဲကတော့ ဘာစီလိုနာနဲ့ ရီးရဲမက်ဒရစ်တို့ပွဲဖြစ်ပြီး က္ဘာ့အကောင်းဆုံးတိုက်စစ်ဟာ ဘယ်အ သင်းပိုင်ဆိုင်ထားသလဲဆိုတာ မြင်တွေ့ရတော့မှာဖြစ်ပါတယ်။ အဲဒီထိပ်တန်းနှစ်သင်း ရဲ့ တွေ့ဆုံမှုကို အခွင့်အရေးယူမယ့် တန်းစီဇယား တတိယနေရာက ဆီဗီလာတို့က နိုင်ပွဲရအောင်ယူပြီး ရပ်တည်မှုအနေအထားကို မြင့်မားအောင်ရွှေ့ပြောင်းနိုင်မလား ဆိုတာကလည်း ရင်ခုန်စရာတော့ကောင်းနေတာအမှန်ပါပဲ။

ဘာစီလိုနာနှင့် ရီးရဲမက်ဒရစ်
ဒီနှစ်သင်းရဲ့ လာလီဂါမှာ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ပွဲရလဒ်ကတော့ ရီးရဲမက်ဒရစ်က တစ်ကြိမ်နိုင်ပြီး ဘာစီလိုနာက နှစ်ကြိမ်နိုင်ထားပါတယ်။ လက်ရှိခြေစွမ်းပိုင်းကိုကြည့် ရင်တော့ ရီးရဲမက်ဒရစ်တို့က ခြောက်ပွဲဆက် နိုင်ပွဲတွေရရှိနေပြီး ဘာစီလိုနာတို့ ကတော့ သရေပွဲတွေ ဆက်နေပါတယ်။ ဆိုစီဒက်ကို တစ်ဂိုးစီသရေ၊ မာလာဂါကို ဂိုး မရှိသရေပွဲဖြစ်ခဲ့တဲ့ ဘာစီလိုနာဟာ ဒီပွဲမှာ အိမ်ကွင်းလည်းဖြစ်တာမို့ အနိုင်ရရှိရေး ကြိုးစားပါလိမ့်မယ်။ ရီးရဲမက်ဒရစ်မှာတော့ ဂါရတ်ဘေး၊ တိုနီခရူးစ်၊ မိုရာတာ၊ ဗာရာ နီနဲ့ ကွန်တရာအိုတို့ ဒဏ်ရာတွေရရှိနေလို့ တိုက်စစ်၊ ကွင်းလယ်တွေမှာ အားနည်း ချက်တော့ ရှိနေပါတယ်။ ဘာစီလိုနာမှာလည်း မက်သလူး၊ အင်နီယေစတာ၊ အမ်တီ တီနဲ့ အာဒါတူရန်တို့ ဒဏ်ရာတွေရရှိနေတာမို့ အခုပွဲအင်အားပြည့်ဝမှုမရှိပါဘူး။ လာလီဂါမှာ ၁၃ ပွဲကစားပြီးချိန်အထိ ရီးရဲမက်ဒရစ်နဲ့ ခြောက်မှတ်ကွာနေတဲ့ ဘာစီ လိုနာဟာ ဒီပွဲကို မဖြစ်မနေအနိုင်ကစားပြီး ရမှတ်ကွာဟမှုကို ကျဉ်းမြောင်းအောင် အားထုတ်ပါလိမ့်မယ်။ လက်ရှိအနေအထားအရ ဒီပွဲမှာ ဘာစီလိုနာတို့အနိုင်ရသွား နိုင်ပါတယ်။

ဂရန်နာဒါနှင့် ဆီဗီလာ
တန်းစီဇယား အောက်ဆုံးက ဂရန်နာဒါကိုတော့ ဆီဗီလာတို့နိုင်ပွဲရအောင် ကြိုးစားမှာသေချာပါတယ်။ ဘာစီလိနာနဲ့ ပွဲတူ၊ အမှတ်တူဖြစ်နေပြီး တန်းစီဇယား တတိယနေရာမှာရှိနေတဲ့ ဆီဗီလာတို့က အဝေးကွင်းရလဒ်မကောင်းတတ်ပေမယ့် ဒီပွဲမှာ အမှတ်ပြည့်ရရှိအောင် အားထုတ်ပါလိမ့်မယ်။ ဒီနှစ်သင်းရဲ့ နောက်ဆုံးတွေ့ဆုံ ခဲ့တဲ့ သုံးပွဲရလဒ်ကိုကြည့်ရင် ဆီဗီလာတို့ တစ်ပွဲသာနိုင်ထားပြီး ကျန်နှစ်ပွဲရှုံးထားပါ တယ်။ လောလောခြေစွမ်းပိုင်းကိုကြည့်ရင်တော့ ဂရန်နာဒါတို့ ခြေစွမ်းမတည်ငြိမ်မှု ရှိနေပြီး ဆီဗီလာတို့က နိုင်ပွဲဆက်နေပါတယ်။ ဆီဗီလာတို့က ချန်ပီယံလိဂ်ကစားဖို့ ရှိတာကြောင့် လူအင်အားအပြည့်အဝထုတ်သုံးမလားကြည့်ရမှာပါ။ အကြိုက်က ဆီဗီလာဖြစ်ပေမယ့် သရေပွဲလည်းဖြစ်သွားနိုင်ပါတယ်။

အက်သလက်တီကိုနှင့် အက်စ်ပန်ညို
လာလီဂါမှာတော့ အက်သလက်တီကိုတို့ပွဲတိုင်း အမှတ်ဆုံးရှုံးမှုမရှိအောင် ကြိုး စားနိုင်တာတွေ့ရပါတယ်။ လာလီဂါမှာ ဒီနှစ်သင်းနောက်ဆုံးတွေ့ဆုံခဲ့တဲ့ သုံးပွဲရလဒ် ကိုကြည့်ရင်တော့ အက်သလက်တီကိုတို့ချည်းနိုင်ပွဲရယူထားပါတယ်။ အက်သလက် တီကိုမှာ တောရက်စ်၊ ဟာနန်ဒက်၊ ဆာစီတို့ဒဏ်ရာရရှိနေပြီး အက်စ်ပန်ညိုမှာတော့ လိုဗက်ဇ်နဲ့ ဘတ်စ်ကွက်ဇ်တို့က ဒဏ်ရာရရှိနေပါတယ်။ လောလောဆယ် ခြေစွမ်းကို ကြည့်ရင် အက်စ်ပန်ညိုတို့က နိုင်ပွဲတွေဆက်တိုက်ရယူနေတာမို့ အိမ်ကွင်းမှာ ကစား မယ့် အက်သလက်တီကိုတို့ပွဲမချောင်ပါဘူး။ ဒီပွဲမှာ အိမ်ရှင်တို့ ခြေစွမ်းအရ အလေး သာပေမယ့် အမှတ်ခွဲယူရကိန်းလည်း ဆိုက်သွားနိုင်ပါတယ်။
လီဂါနက်စ်နှင့် ဗီလာရီးရဲလ်
ရှုံးပွဲတွေဆက်နေတဲ့ ဗီလာရီးရဲလ်တို့လည်း ဒီပွဲမှာ နိုင်ပွဲပြန်ရဖို့ ရုန်းကန်မယ့်အနေ အထားရှိပါတယ်။ ဗီလာရီးရဲမှာ ဆိုလ်ဒါဒိုဒဏ်ရာရရှိနေလို့ ပါဝင်ဖို့မသေချာပါဘူး။ လီဂါနက်စ်မှာတော့ မာရင်၊ ကိုနေး၊ ရီကို၊ အီကနက်စ်၊ အီမန်နောစကီးတို့ ဒဏ်ရာ တွေရရှိထားပါတယ်။ ဒီနှစ်သင်းရဲ့ နောက်ဆုံးသုံးပွဲတွေ့ဆုံမှုကိုကြည့်ရင် ဗီလာရီးရဲ က နှစ်ပွဲရှုံးထားပြီး တစ်ပွဲနိုင်ထားတာမို့ အခုပွဲမှာ ရှုံြးေ<ွကးတွေပြန်ဆပ်နိုင်မလား ကြည့်ရမှာပါ။ လီဂါနက်စ်ရဲ့ အိမ်ကွင်းရလဒ်မကောင်းမှုက ဗီလာရီးရဲတို့ အမှတ်ပြည့် ရယူသွားနိုင်ပါတယ်။

ဘက်တစ်နှင့် ဆယ်လ်တာဗီဂို
ဂျိုဘာကွင်း၊ မာတင်၊ မူဆွန်ဒါတို့ ဒဏ်ရာတွေရရှိထားပြီး ပစ်ဆီနီလည်း ပွဲပယ် ပြစ်ဒဏ်ခံထားရတဲ့ ဘက်တစ်ဟာ အခုပွဲအိမ်ကွင်းဆိုပေမယ့် ပွဲကျပ်ပါပဲ။ ဆယ်လ် တာဗီဂိုမှာလည်း မယ်လို၊ မာရက်ဇ်၊ လာနာတို့ ဒဏ်ရာရရှိထားပါတယ်။ ဒီနှစ်သင်း ရဲ့ နောက်ဆုံး သုံးပွဲကစားခဲ့တဲ့ရလဒ်ကိုကြည့်ရင် ဆယ်လ်တာဗီဂိုက တစ်ပွဲနိုင်ပြီး သရေတစ်ပွဲဖြစ်ထားပါတယ်။ နှစ်သင်းစလုံးရဲ့ လက်ရှိခြေစွမ်းအရ သရေပွဲ ဖြစ်သွား နိုင်ပါတယ်။

ဂလာဗက်နှင့် လက်စ်ပါးမက်စ်
နိုင်ပွဲတွေ ပြန်ရလာတဲ့ ဂလာဗက်ရဲ့ ခြေစွမ်းက တိုးတက်လာသလို လက်စ်ပါး မက်စ်ရဲ့ ကစားအားကလည်း အောင်ပွဲတွေပြန်ရနေပါတယ်။ ဂလာဗက်စ်မှာ လာဂွာ ဒီယာ၊ ခရစ်တီဆစ်တို့ ဒဏ်ရာရရှိနေပြီး အလက်ဇစ်က ပွဲပယ်ပြစ်ဒဏ်ခံထားရပါ တယ်။ လက်စ်ပါးမက်စ်မှာတော့ လီဗာယာ၊ ဂါစီယာ၊ အာတီလက်စ်တို့ ဒဏ်ရာ ရရှိနေလို့ အားနည်းနေပါတယ်။ ဒီနှစ်သင်းရဲ့ နောက်ဆုံးသုံးပွဲတွေ့ဆုံမှုကိုကြည့်ရင် တစ်ပွဲစီနိုင်ပြီး သရေတစ်ပွဲဖြစ်ထားတာမို့ အခုပွဲမှာလည်း သရေပွဲဖြစ်သွားနိုင်ပါ တယ်။

ဘီလ်ဘာအိုနှင့် အီဘာ
ဒီနှစ်သင်းရဲ့ နောက်ဆုံးသုံးပွဲတွေ့ဆုံမှုရလဒ်ကိုကြည့်ရင် ဘီလ်ဘာအိုကနှစ်ပွဲနိုင်ပြီး အီဘာက တစ်ပွဲနိုင်ထားပါတယ်။ ဒါပေမယ့် ဘီလ်ဘာအိုမှာ ဒီမားကို့စ်၊ ဆာဘိုရင်၊ အတက်ဇီတို့ဒဏ်ရာရရှိနေလို့ စွမ်းဆောင်မှု ထိခိုက်နေပါတယ်။ အီဘာတို့က ဒဏ်ရာ ရ ကစားသမားမရှိတာမို့ အဝေးကွင်းဆိုပေမယ့် အမှတ်ရအောင် အီဘာတို့ ကြိုးစား ပါလိမ့်မယ်။ အကြိုက်က ဘီလ်ဘာအိုဖြစ်ပေမယ့် အီဘာလည်း တစ်မှတ်ရသွားနိုင် ပါတယ်။ ။

No comments:

Post a Comment