Tuesday, December 27, 2016

ကန်ဒေါ်လာ ၇ ဒသမ ၂၃ သန်းခန့်တန်ရွှေချောင်းများ ဘင်္ဂလားဒေ့ရှ်လေဆိပ်၌ သိမ်းဆည်းရမိ

No automatic alt text available.
ဒါကာ ဒီဇင်ဘာ ၂၆
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်ရှိ အဓိကလေဆိပ်မှ အကောက်ခွန်တာဝန်ရှိ သူများက ကာတာလေကြောင်းလိုင်းရှိလေယာဉ်တစ်စင်းမှ အလေးချိန် ၁၁ ဒသမ ၆ ကီလိုဂရမ်ရှိသော ရွှေချောင်း ၁ဝဝ သိမ်းဆည်းရမိခဲ့ကြောင်း တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။
သတင်းပေးချက်တစ်ရပ်အရ လေယာဉ်အားရှာဖွေရာတွင် ခရီးသည်ထိုင်ခုံ တစ်လုံးအောက်မှ တာကာ သန်း ၆ဝ (အမေရိကန်ဒေါ်လာ ၇ ဒသမ ၂၃ သန်းခန့်) တန်ဖိုးရှိ ရွှေချောင်းများတွေ့ရှိခဲ့ကြောင်း အမည်မဖော်လိုသည့် အကောက်ခွန်တာဝန်ရှိသူများက ပြောကြားသည်။
ဒိုဟာမြို့မှပျံသန်းလာသော အဆိုပါလေယာဉ်မှာ ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ဝန်းကျင်တွင် ဒါကာမြို့ တော်ရှိ ဟာဇရတ်ရှာဂျာလယ်လ်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဆင်းသက်ခဲ့သည်။
ရွှေချောင်းများ သိမ်းဆည်းရမှုနှင့်ပတ်သက်၍ မည်သူ့ကိုမျှ ဖမ်းဆီးခြင်းမရှိ သေးပေ။ ပြည်ပရှိအပေါင်းအဖော်များနှင့် ဆက်စပ်မှုရှိသော ပြည်တွင်းမှောင်ခို သမားများဖြင့် အသေအချာဖွဲ့စည်းထားသော ဂိုဏ်းများက ရွှေ၊ ပြည်ပငွေကြေး များ၊ မူးယစ်ဆေးဝါးများနှင့်ဆေးဝါးများ တရားမဝင် သယ်ယူပို့ဆောင်ရန်အတွက် ကြားခံနေရာတစ်ခုအဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံအား ပို၍အသုံးပြုလာကြကြောင်း သတင်းရပ်ကွက်များကဆိုသည်။
ဆင်ဟွာ

No comments:

Post a Comment