Tuesday, December 27, 2016

နော့တန်းတိုင်ဖွန်းမုန်တိုင်းကြောင့် ဖိလစ်ပိုင်တွင် သုံးဦးသေဆုံး

Image may contain: sky, outdoor and nature
မနီလာ ဒီဇင်ဘာ ၂၆
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းတွင် နော့တန်းတိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် အနည်းဆုံးလူသုံးဦး သေဆုံးခဲ့ရကြောင်း ရဲတပ်ဖွဲ့နှင့် ဒေသဆိုင်ရာတာဝန်ရှိသူ များက တနင်္လာနေ့တွင် ပြောကြားသည်။
အရှေ့တောင်ပိုင်း လူဇွန်ကျွန်း အယ်ဘေးပြည်နယ် အုပ်ချုပ်ရေးမှူး အယ်လ်ဖရန်စစ်ဘီချာရာက သေဆုံးသူ သုံးဦးမှာ ၅၇ နှစ်ရှိ အမျိုးသမီးတစ်ဦးနှင့် အသက် ၇ဝ ကျော်ရှိ ဇနီးမောင်နှံနှစ်ဦးဖြစ်ကြောင်း ပြောကြားသည်။
အယ်ဘေးပြည်နယ်တွင် ပို့ဆောင်ဆက်သွယ်ရေး၊ စာသင်ကျောင်းများနှင့် ရုံးဌာနများ ပိတ်ထားရပြီး ယင်း ပြည်နယ်နှင့် အခြားသောပြည်နယ်များတွင်လည်း လျှပ်စစ် ဓာတ်အား ပြတ်တောက်သွားခဲ့ရသည်ဟု ၄င်းက ဆက်လက်ပြောကြားသည်။
မုန်တိုင်းတိုက်ခတ်နေဆဲဖြစ်သည့်အတွက် အသေ အပျောက်စာရင်းတိုးလာနိုင်သည့်တိုင်အောင် လူဇွန်ကျွန်း အနောက်မြောက်ဘက်တွင် မုန်တိုင်းသည် အားပျော့သွား ပြီး တစ်နာရီလျှင် ကီလိုမီတာ ၂ဝ နှုန်းသာ တိုက်ခတ်လျက်ရှိကြောင်း သဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့် စီမံခန့်ခွဲ ရေးကောင်စီက ပြောကြားသည်။
တနင်္လာနေ့တွင် လူ ၃၈၃ဝ၉၇ ဦးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်းနှင့် နော့တန်း တိုင်ဖွန်းမုန်တိုင်းသည် ဗုဒ္ဓဟူးနေ့နံနက်ပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံမှ ထွက်ခွာသွားလိမ့်မည်ဟု မျှော်လင့်ကြောင်း သဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့် စီမံခန့်ခွဲရေးကောင်စီက ပြောကြားသည်။
ဆင်ဟွာ။

No comments:

Post a Comment