Saturday, December 31, 2016

မောင်တောမြို့နယ်အတွင်း အကြမ်းဖက်မှုဖြစ်စဉ်များ၌ ပါဝင်ခဲ့သူများကို ဖမ်းဆီးရမိ

Image may contain: one or more people, people standing and outdoor

နေပြည်တော် ဒီဇင်ဘာ ၃ဝ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း အကြမ်းဖက်မှုဖြစ်စဉ် များတွင် ပါဝင်ခဲ့ သူ နှစ်ဦးကို ယမန်နေ့ မွန်းလွဲပိုင်းက ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။
မောင်တောမြို့နယ်အတွင်း ကျီးကန်းပြင်ကျေးရွာအနီးရှိ အမှတ်(၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ်ကို အောက်တိုဘာ ၉ ရက်က အကြမ်းဖက် စီးနင်းတိုက်ခိုက်မှုတွင် ပါဝင်ခဲ့သူများသည် ကျီးကန်းပြင် (အနောက်ရွာ) တစ်ဝိုက် ပြန်လည်ဝင်ရောက်လျက်ရှိ ကြောင်း သတင်းအရ တပ်မတော်စစ်ကြောင်းများနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ က ဒီဇင်ဘာ ၂၉ ရက် မွန်းလွဲ ၂ နာရီ ခန့်က ကျေးရွာအတွင်း ဝင်ရောက်ရှင်းလင်းရာ အကြမ်း ဖက်မှု ဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် ဇော်ကီအာမောက်၏သား ကော်ဒီမူ လာနှင့် ပုန်းအောင်းနေသည့် အော်လီအာမတ်၏ သား မာမွတ်အာ လောင်တို့ကို ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူများကို တရားဥပဒေအရ အရေးယူနိုင်ရေး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment