Saturday, December 31, 2016

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍ ထည့်သွင်းခြင်းသည် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးပန်းတိုင်ကိုရရှိရန် အထောက်အကူဖြစ်စေမည်

Image may contain: one or more people and indoor

နေပြည်တော် ဒီဇင်ဘာ ၃ဝ

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီကို မူဝါဒသစ်များချမှတ်ပြီး အမျိုးသမီးများအခွင့်အရေး အပြည့်အဝ ရရှိရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး တိုင်းရင်း သား ပြည်သူတစ်ရပ်လုံး အေးချမ်းလုံခြုံ စွာ လက်တွဲနေထိုင်မည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာစေ ရေး ဆောင်ရွက်လျက်ရှိရာ ပြည်တွင်း ငြိမ်းချမ်းရေးကို အဓိကဖော်ဆောင်ရမည် ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍကို ထည့်သွင်းဆောင်ရွက်ခြင်းသည် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေး ပန်းတိုင်ကို ရရှိရန် အထောက်အကူဖြစ် စေကြောင်း ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပ သည့် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ဒီမိုကရေစီ-ပြောင်းလဲနိုင်စွမ်းရှိသော အမျိုးသမီးများ ညှိနှိုင်းဆွေးနွေးပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

ဆက်လက်၍ ပြောကြားရာတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှာ ပြည်သူ လူထု၏ အသံအားလုံးပါဝင်ရန် နိုင်ငံတော် အစိုးရ၊ လက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီအဖွဲ့အစည်းများက လူထု အစည်းအဝေးပွဲများ ကျင်းပရန် ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းစဉ် များ ဆောင်ရွက်ရာတွင် ပဋိပက္ခကို ဆန်းစစ်သုံးသပ်ရန် လိုအပ်ပြီး အကြမ်း ဖက်မှုနှင့် မလုံခြုံမှုများကို လူမှုရေး ရှုထောင့်မှ ထည့်သွင်းစဉ်းစားရန် အရေးကြီးကြောင်း၊ အမျိုးသမီးနှင့် အမျိုးသမီးငယ်ရွယ်များ အတွက် ကာကွယ်စောင့်ရှောက်မှု အစီအစဉ်များ ကို အသင့်ပြင်ဆင်ထားပြီး အထူးစီမံချက် များနှင့် ပွင့်လင်းမြင်သာစွာဆောင်ရွက်ရန် ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တစ်လျှောက်လုံး၏ အဆင့်များဖြစ်သည့် အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆွေးနွေးပွဲ များ၊ နိုင်ငံရေးစကားဝိုင်းများ၊ ငြိမ်းချမ်း ရေး တည်ဆောက်မှုလုပ်ငန်းစဉ်များ၊ ငြိမ်းချမ်းရေးအထောက်အကူပြု ဖွံ့ဖြိုး ရေးကဏ္ဍများတွင် အမျိုးသမီးများ၏ ပါဝင်မှု၊ ဆောင်ရွက်မှုများကိုလည်း နိုင်ငံတော်အစိုးရက အားပေးသကဲ့သို့ အမျိုးသမီးအင်အားစုများက ပူးပေါင်း ပါဝင် ဆောင်ရွက်ပေးရန် တိုက်တွန်း ပြောကြားသည်။
အဆိုပါဆွေးနွေးပွဲသို့ ဌာနဆိုင်ရာ များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊UN နှင့် INGOအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များတွင် အမျိုးသမီးများ ပါဝင်မှုအတွက် အားသာချက်နှင့် စိန်ခေါ် မှုများ၊ ပဋိပက္ခအခြေအနေများတွင် ဖြစ်ပေါ်လေ့ရှိသည့် အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်းနှင့် ကြိုတင်ကာကွယ် ရေးအစီအစဉ်များ၊ အကြမ်းဖက်မှု ကြုံတွေ့ခံစားရသည့် အမျိုးသမီးများ အတွက် ကာကွယ်စောင့်ရှောက်မှုနှင့် ပဋိပက္ခအလွန် ပြန်လည်ထူထောင်ရေးနှင့် အမျိုးသမီးများ၏ အခန်းကဏ္ဍများကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment