Saturday, December 31, 2016

အိန္ဒိယနိုင်ငံ၌ ကျောက်မီးသွေးတွင်းပြိုကျ၊ ၃၅ ဦးဒဏ်ရာရပြီး လူ ၆ဝ ကျော်ပိတ်မိနေ

Image may contain: one or more people and outdoor

နယူးဒေလီ ဒီဇင်ဘာ ၃ဝ

အိန္ဒိယနိုင်ငံ အရှေ့ပိုင်းပြည်နယ်တစ်ခုဖြစ်သော ဂျာခန်၌ ကျောက်မီးသွေးမိုင်းတွင်း ပြိုကျမှုကြောင့် အနည်းဆုံး ၃၅ ဦး ဒဏ်ရာရရှိခဲ့ပြီး ၆ဝ ကျော်မှာ မိုင်းတွင်းထဲ၌ ပိတ်မိနေကြောင်း ရဲအရာရှိတစ်ဦးက ဒီဇင်ဘာ ၃ဝ ရက်တွင် ပြောကြားသည်။
မိုင်းတွင်းပြိုကျမှုသည် ဂေါ့တာခရိုင် Eastern Coldfields ကုမ္ပဏီပိုင် Rajmahal Open Cast Mines တွင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မြူခိုးများ ထူထပ်စွာကျနေသည့်ကြားမှ ကယ်ဆယ်ရေးလုပ်ငန်းများကို ဒီဇင်ဘာ ၃ဝ ရက် နံနက်တွင် စတင်ခဲ့ပြီး ဒဏ်ရာရရှိသူများကို ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး သေဆုံးသူမရှိကြောင်း အမည်မဖော်လိုသူ ရဲအရာရှိက ပြောခဲ့သည်။
ကျောက်မီးသွေးတွင်းသည် မြေအောက်အနက် ၆၁ ပေတွင် လုပ်ကိုင် လျက်ရှိကြောင်း သိရသည်။ အိန္ဒိယသည် က္ဘာပေါ်၌ ကျောက်မီးသွေးထုတ်လုပ်မှု တတိယအကြီးဆုံးနိုင်ငံဖြစ်ပြီး နိုင်ငံ၏စွမ်းအင်လိုအပ်ချက်ကို ၆၁ ရာခိုင်နှုန်း ထောက်ပံ့ ပေးနေကြောင်း သိရသည်။
(ဆင်ဟွာ)

No comments:

Post a Comment