Saturday, December 31, 2016

ဘရာဇီးနိုင်ငံဆိုင်ရာ ဂရိသံအမတ်ကြီးရီယိုမြို့သို့ သွားစဉ်ပျောက်ဆုံး

Image may contain: 2 people, people standing

ရီယိုဒီဂျနေရိုး ဒီဇင်ဘာ ၃ဝ

ဘရာဇီးနိုင်ငံဆိုင်ရာ ဂရိသံအမတ်ကြီး Kyriakos Amiridis သည် ရီယိုမြို့ သို့သွားရောက်စဉ် လမ်းခရီး၌ပျောက်ဆုံး သွားပြီး အသတ်ခံရနိုင်ခြေများကြောင်း ဘရာဇီးနိုင်ငံအာဏာပိုင်များက ယမန်နေ့ က ပြောခဲ့သည်။
သံအမတ်ကြီးစီးသည့်ကားနှင့် ပုံစံ တူ လိုင်စင်နံပါတ်တူ ကားတစ်စီးကို ရီယိုမြို့ ဧရိယာအတွင်းရှိ Nova Iguacu ၌ တွေ့ရှိခဲ့ကြောင်း သိရ သည်။ မီးလောင်ကျွမ်းနေသည့် အဆိုပါကားအတွင်း လူသေအလောင်းတစ်လောင်းအားတွေ့ရှိခဲ့ပြီး ကျန်ခန္ဓာကိုယ်အစိတ်အပိုင်းများကို အတည်ပြု စစ်ဆေးရန် ဓာတ်ခွဲခန်းသို့ ပို့ဆောင်ခဲ့ ကြောင်း သိရသည်။
သက်ဆိုင်ရာ အာဏာပိုင်များက သံအမတ်ကြီး ပျောက်ဆုံးမှုနှင့်ပတ်သက် ၍ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

သံအမတ်ကြီး၏ မိသားစုဝင်များက လွန်ခဲ့သည့်ရက်ပိုင်းတွင် ပြန်ရွေး ငွေတောင်းခံသော ဖုန်းဆက်သွယ်မှုမရှိ ကြောင်း ပြောခဲ့သော်လည်း ရဲတပ်ဖွဲ့က ပြန်ပေးဆွဲနိုင်သည့် အခြေအနေကို ထည့်သွင်းစဉ်းစားလျက်ရှိကြောင်း သိရ သည်။
Amiridis ၏ ဇနီးဖြစ်သူက ၄င်း၏ခင်ပွန်းအား Nova Iguacu ၌ ဒီဇင်ဘာ ၂၆ ရက်က ဖုန်းအဆက်အသွယ် ရှိခဲ့ကြောင်း သံအမတ်ကြီး ပျောက်ဆုံး သွားသည့် ဒီဇင်ဘာ ၂၈ ရက်တွင် ရီယိုရဲတပ်ဖွဲ့က ပြောခဲ့သည်။
Amiridis သည် ဘရာဇီးနိုင်ငံ ဆိုင်ရာ ဂရိသံအမတ်ကြီးအဖြစ် ၂ဝ၁၆ ခုနှစ်အစောပိုင်းတွင် တာဝန်ထမ်း ဆောင်ခဲ့သည်။
(ဆင်ဟွာ)

No comments:

Post a Comment